Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

ဖေဖော်ဝါရီ၊ ၂၀၀၇

 

လျှို့ဝှက်လုပ်ငန်းများသည် မိမိအတွက် အကျိုးပေး နေဆဲပင် ရှိနေပါသေးသည်။ မိမိကိုနားမလည်နိုင် သော မိတ်ဆွေအချို့၏ စွန့်ခွါသွားမှုများကြောင့် အထီးကျန်ဆန်နေမည်။ စက်မှုလက်မှုအတတ်ပညာ များ တခုပြီးတခု သင်ယူနေရဆဲပင်ဖြစ်ပါသည်။ အိုးပစ်အိမ်ပစ် အလုပ်ထဲတွင်သာ နစ်နေပါမည်။ ငွေကြေးမှာလည်း လိုတိုင်းရနေသလိုကို ဝင်ငွေ ကောင်းမည်။ နှာစေး၊ ချောင်းဆိုးကဲ့သို့ မပြောပလောက်သောရောဂါသာ ဖြစ်တတ်သော်လည်း ပေါ့ပေါ့ဆဆ ဂရုမထားမိပါက ထိပ်ခပ်နာ၊ အဆုပ်ကင်ဆာရောဂါတို့ကဲ့သို့ ကုသရန်ခက်ခဲသော ရောဂါကြီးများ ဖြစ်သွားတတ်ပါသည်။ ဝင်ငွေများများဝင်နေသော်လည်း အအိပ်၊ အစား အသောက် မမှန်၍ အစားဆင်းရဲ၊ အနေဆင်းရဲခြင်းကြုံတွေ့ရမည်။ အိုးအိမ်ဟောင်းနွမ်းနေခြင်း၊ အနေအထိုင် အဝတ်အစား ဆင်းရဲနေခြင်းများကြောင့် လူအထင်အမြင်သေးခံရတတ်သည်။ ပတ်ဝန်းကျင်နှင့် အဆက်အဆံနည်းပြီး အနေအထိုင် အစားအသောက် လျှို့ဝှက် ကျစ်လှစ်လွန်း သဖြင့် အထီးကျန်ဆန်နေတတ်သလို အတူနေမိသားစုများနှင့်လည်း သဘောထားမတိုက်ဆိုင်၍ မကြာခဏ စကားများရန်ဖြစ်တတ်သည်။ သာရေးနာရေ၊ လူမှုရေး လစ်ဟင်းနေမှုများကြောင့် ပတ်ဝန်းကျင်၏ ဝေဖန်ခြင်း ခံရတတ်သည်။ အလုပ်ထဲတွင် အချိန်အတော်များများ ပေးနေရ တတ်၍ အာရုံကြောနှင့်ပတ်သက်သော ရောဂါများဖြစ်တတ်သည်။ မိမိအတွက်သာ အတတ် ပညာ ရှာဖွေစုဆောင်းနေမှုများကြောင့် ညီငယ်ညီမငယ်များ၊ သားသမီးများ၏ ပညာရေးများ လစ်လျူရှု မေ့ လျာ့နေတတ်သည်။ ချစ်သူရည်းစားတို့အချင်းချင်း လမ်းခွဲရတတ်သလို လင်မယားချင်းလည်း ကွဲကြပြဲကြ စကားများရန်ဖြစ်တတ်သည်ကို သတိပြုပါ။

ယတြာ။          ။ မွေးနေ့နံနက်(၇)နာရီခွဲမှ (၁၀)နာရီအတွင်း အိမ်ကဘုရားတွင် ကောက်ညှင်း ပေါင်းကို ဆားထည့်နှမ်းထောင်းဖြူးပြီး နှမ်းဆီ၊ ပဲဆီသန့်သန့်ဆမ်း၍ ဘုရားဆွမ်းတော် ကပ်လှူပူ ဇော်ပြီး လိုရာဆုများ တောင်းပါ။ အဆိုးများပျောက်၍ အကောင်းများ ရောက်လာပါမည်။

 
 
 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org