
မိမိကြိုးစားလုပ်ကိုင်ဆောင်ရွက်ခဲ့သမျှသည် သဲထဲရေသွန် အရာမ ရောက်ခဲ့၍
စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေမည်။ စိတ်ကူးယဉ်ခဲ့သမျှ
ရည်မှန်းချက်များပျက်စီးခဲ့ရသည်။ အတူနေ မိသားစု၏ အထင်သေး၊ အထင်မြင်လွဲ
စွပ်စွဲခံရတတ်သည်။ ‘သေချင်တဲ့ကျားတောပြောင်း’ ဖြစ် နေတတ်ပါသဖြင့်
အလုပ်အကိုင်များ နေရာများမပြောင်းရွှေ့ပါနှင့်။ ရွှေ၊ ငွေ ပစ္စည်းများ
အပေါင်ဆုံးတတ်သည်။ ရွှေငွေအလိမ်ခံရ၊ ဆုံးရှုံးရတတ် သည်။ အထူးသဖြင့်
အရှေ့မြောက်အရပ်မှလာသော (ရ၊ ယ၊ လ၊ ဝ) အမည်ပါသူကို အထူးသတိထား၍ ဆက်ဆံပါ။
ဒုက္ခပေးမည့်သူဖြစ်သည်။ အလုပ်အကိုင်၊ ငွေကြေးကလဲ အဆင်ပြေသလို ရှိသေး၊
မသွားမဖြစ် နာရေး ခရီးသွားရတတ်သဖြင့် ငွေကုန် ပေါက် တိုးတတ်သည်။
စက်ပစ္စည်းများဝင်ပြီး စက်မှုလက်မှုလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ပါ
သည်။ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းများနှင့် စကားများ
ရန်ဖြစ်တတ်သည်။ ပညာရေး ကံကောင်းပြီး အတတ်ပညာများ တခုပြီးတခု
တတ်မြောက်အောင်မြင်နေမည်။ လင်မယား နှစ်ယောက် အတူတွဲ
အလုပ်လုပ်ကိုင်နေသော်လည်း ဆန်ဖိုး၊ ဆီဖိုး ဆေးဖိုးး အိမ်လခ ... စသည်
ဖြင့် ငွေကြေးကို တိုင်းတာ ချင့်ချိန်သုံးစွဲနေရ၊ စိတ်ပူနေရမည်။
လင်မယား နောက်မီးလင်းသည့် ကိစ္စများကို ဖြေရှင်းလုပ်ကိုင်နေရမည်။
လေထိုးလေအောင့်ရောဂါ မကြာခဏ ဖြစ်တတ်၍ ၀မ်း ဗိုက် အခွဲခံရတတ်သည်။
ကံကိုယုံ၍ ဆူးပုံမနင်းနှင့်။ ဉာဏ်ကိုလွှာပြီးသုံးနိုင်မှ ကံကောင်းမည်။
ကံနှင့်ဉာဏ် ပူးတွဲနေသည့်ကာလဖြစ်ပါသည်။ ထီထိုးရန် ကံကောင်းနိုင်သော
ဂဏန်းများမှာ ၁၊ ၄၊ ၆၊ ၈ တို့ဖြစ်ပြီး အက္ခရာမှာ (တ၊ ထ၊ ဒ၊ ဓ၊ န) (သို့)
(d,t,n)၊ ကံကောင်း ရက်များမှာ ၁၊ ၄၊ ၆၊ ၈၊ ၁၄၊ ၁၆၊ ၁၈ နှင့် တနင်္ဂနွေ၊
တနင်္လာ နှင့် ကြာသပတေးနေ့ များသည် ကံကောင်းစေသော နေ့ထူးနေ့မြတ်များ
ဖြစ်ပါသည်။ လူပျို၊ အပျိုတို့ (စ၊ ဆ၊ ဇ၊ ဈ၊ ည) နှင့် (ပ၊ ဖ၊ ဗ၊ ဘ၊ မ)
နာမည် အပြန်အလှန်ပါသူများ (ဥပမာ။ စိုးမြင့်- မြင့်စိုး ။ ညွန့်မောင် -
မောင်ညွန့်) နှင့် အိမ်ထောင်ကျမည်။ အိမ်ထောင်သည်များအတွက် အိမ်ထောင်ရေး
ပြဿနာတက်တတ်သည်ကို သတိပြုပါ။
ယတြာ။
။ မွေးနေ့တိုင်း ဘုရားပန်းတွင် အုန်းညွန့်လှူဒါန်း၊ အုန်းသီးစိပ်ဖြင့်
ဆွမ်းတော် ကပ်၊ ဖယောင်းတိုင်မီး (၉)တိုင် ပူဇော်ပါ။ အဆိုးများပျောက်၍
အကောင်းများ ရောက်ရှိလာပါ လိမ့်မည်။ |