|

ဘဝ၏ကြမ်းတမ်းမှု၊ ပင်ပန်းမှုတို့ကို ကြုံတွေ့ရဖန်များလာသဖြင့်
လောကကြီးကို အရွဲ့တိုက်ချင်သည့် စိတ်ရိုင်းများဝင်နေ၍ ပတ်ဝန်း ကျင်ကို
သိပ်ဂရုမစိုက်ချင်၊ မလေးစားချင်သလို မထီမဲ့မြင် လုပ်ချင်စိတ်
ဖြစ်ပေါ်နေမည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်သကဲ့သို့ ဖြစ်ချင်
တာကတမျိုး၊ တကယ်လုပ်ကိုင်နေရတာကတမျိုး ကပြောင်းကပြန်တွေ
ဖြစ်နေတတ်ပါသည်။ ယခင် မိမိပတ်ဝန်းကျင်တွင်ရှိသော လူဆိုးလူမိုက်
ကြီးများသည် လူကောင်းသူကောင်းများ ဖြစ်နေသလို သူတော်ကောင်းကြီးများဟု
မိမိက သတ်မှတ်ထားသူများမှာလည်း သူယုတ်မာစာရင်းဝင်များ ဖြစ်နေတတ်သည်။
နောင်တရနေသလို သံဝေဂများရနေသလိုကို ခံစားနေရသည်။ ရည်ရွယ်ချက်
ရည်မှန်းချက်များကလည်း လမ်းစ ပျောက်နေသလို ခံစားနေရပြီး စိတ်လေနေမည်။
အလုပ်တွင်လည်း စိတ်မပါ၊ လုပ်ချင်ကိုင်ချင် စိတ်ကလည်း နည်းပါးနေသည်။
အပန်းပြေခရီးထွက်ခြင်း၊ စိတ်လွတ်ကိုယ်လွတ် အနားယူခြင်း များ
လုပ်ကိုင်ဆောင်ရွက်သော်လည်း စိတ်ဖိစီးမှုများ ပြေပျောက်
လျှော့နည်းမသွားနိုင်ပါ။ ညီငယ်၊ ညီမငယ်၊ လက်အောက်ငယ်သားများနှင့်လည်း
စကားများရန်ဖြစ်ရတတ်သည်။ ဇနီး၊ ခင်ပွန်းတို့၏ ကျန်းမာရေးကြောင့်လည်း
အလုပ်ရှုပ်၊ ငွေကုန်၊ လူပင်ပန်းဖြစ်တတ်သည်။ အအေး ပတ်၍ လေဖြတ်တတ်သည်။
အတူနေမိသားစု၏ အထင်သေးခြင်း အထင်လွဲခြင်းခံရတတ်သည်။ စီးပွားရေးမှာ
မပူပင်ရအောင်ကို အဆင်ပြေမည်။ ငွေကြေးလိုအပ်လာပြီဆိုလျှင်လည်း ချက်ခြင်း
ဝင်ငွေရလာတတ်သည်။ အခြားသူများကိုပင် ငွေကြေးကူညီနေရသော်လည်း မိမိ၏
ကျေးဇူး တရားကို မသိတတ်၍ စိတ်ဆင်းရဲမှုများ ကြုံရတတ်သည်။
ယတြာ။
။ မွေးနေ့တွင် အိမ်ကဘုရားအား ဆီမီးဖယောင်းတိုင် သက်စေ့ထွန်းညှိ
ပူဇော်ပြီး အခြားနေ့ရက်များတွင် ဘုရားအား သောက်တော်ရေခွက်
သက်စေ့ကပ်လှူပူဇော်ခြင်းအားဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် လိုတရ
ဖြစ်စေနိုင်ပါသည်။ |