Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

ဖေဖော်ဝါရီ၊ ၂၀၀၇

 

အဆိုးအကောင်း တလှည့်စီကြုံတွေ့နေရမည်။ ဝင်ငွေများများဝင်နေ သလောက် အချစ်ရေးတွင် ကံခေနေမည်။ ချစ်သူနှင့်အတူ လက်တွဲပြီး ချစ်ဗိမ္မာန်ကြီးတည်ဆောက်ဖို့အတွက် ငွေကြေးက အဆင်မပြေဖြစ် တတ်သည်။ စုတ်နှင့်လာဘ် လွန်ဆွဲနေသည့်ကာလ ဖြစ်သည်။ စစ်တိုက် ခြင်းကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လုပ်ငန်းများတွင် စိတ်ကုန်နေ၍ စာပေတွင် မွေ့လျှော်ပြီး အေးအေးချမ်းချမ်း နေချင်သည်။ မတည်မငြိမ် စိတ်ကစားနေသည့် ကာလဖြစ်သည်။ ဦးနှောက်နှင့် နှလုံးသားတို့ လွန်ဆွဲနေသည်။ ငွေကြေးနှင့် ဂုဏ်သိက္ခာ ချိန်ခွင် တဖက်တချက်စီမှာ နေရာယူထားပြီ။ သီးခံ၍ ငြိမ်သက်နေသော်လည်း အမှန်တရားအတွက် ပေါက်ကွဲဖို့ တာစူနေပြီ။ မိမိထက် အသက်ကြီးသော၊ ပညာပိုတတ်သော သူများက အမှန်တရား ကို မျက်ကွယ်ပြု မမြင်ချင်ယောင်ဆောင်နေသောကြောင့် စိတ်မချမ်းမသာဖြစ်နေရသည့်ကာလ ဖြစ်သည်။ မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ အပင်ပန်း ခံနေရသလောက် အကျိုးခံစားခွင့်မရ ဖြစ်နေသည်။ မိမိပတ်ဝန်းကျင်ရှိ သူများနှင့် နှိုင်းယှဉ်လိုက်လျှင် အဆင့်အတန်းမြင့်မြင့်နေထိုင်ရ၍ အစားအသောက်ကောင်းကောင်း စားသောက်နေရပါသည်။ ပတ်ဝန်းကျင်က မိမိကိုနားမလည် သလို မိမိကလည်း ပတ်ဝန်းကျင်ကို နားလည်ဖို့ မကြိုးစားချင်ပါ။ ကွဲကွာနေတာကြာပြီဖြစ်သော မိတ်ဆွေဟောင်းများနှင့် ပြန်လည် ဆုံတွေ့ ရတတ်သည်။ မထင်မှတ်ဘဲ ချစ်သူဟောင်း၊ ရည်းစားဟောင်းများနှင့် တွေ့ရတတ်သည်။ အငြင်းအခုံများ သတိထားပါ၊ သွေးထွက်သံယို ရန်ဖြစ်ရတတ်သည်။ အိမ်မီးအလောင်ခံရ (သို့မဟုတ်) အလုပ်အကိုင်ရာထူးပြုတ်တတ်သည်။ ပုတီးစိပ်၊ တရားထိုင် ဘာသာရေး များများလုပ်ပါ။ ပုဂ္ဂိုလ်ထူးတွေ့ရတတ်၊ တရားထူး ရရှိတတ် သည်။

ယတြာ          ဦးထုပ် (သို့) ခေါင်းပေါင်းတခုကို အသက်အရွယ်ကြီးသော အဖိုးကြီးတဦးသို့ လှူဒါန်းပေးပါ။ အဆိုးများ ပြေပျောက်၍ အကောင်းများရောက်လာပါလိမ့်မည်။

 
 
 
........................................................................................................................

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org