|

ဘဝအပြောင်းအလဲများသည် မထင်မှတ်ဘဲ မယုံကြည်နိုင်လောက် အောင်ကို
အလွန်လျှင်မြန် များပြားလွန်းလှသည်ကို တွေ့ကြုံရမည်။ အိုးအိမ်နေရာများ
ပြောင်းရွှေ့နေထိုင်ရခြင်း၊ မိတ်ဆွေအပေါင်းအသင်း အသစ်များနှင့်
ပေါင်းသင်းနေထိုင်ရခြင်း၊ ပတ်ဝန်းကျင်အသစ်တွင်
လူနေမှုစရိုက်အသစ်များတို့ဖြင့် ပြောင်းလဲနေသလို အဝတ်အစား များကလည်း
အမြဲတန်း သစ်လွင်တောက်ပစွာ ၀တ်ဆင်နေရတတ်ပါ သည်။ သို့သော်
အချစ်သစ်မရှာလေနှင့်။ အချစ်သစ်ကြောင့် သောက ရောက်၊ ဒုက္ခရောက်တတ်ပါသည်။
နိုင်ငံခြားခရီးဝေး သွားရတတ်သည်။ နိုင်ငံခြားနှင့် ပတ်သက် သော
လုပ်ငန်းများ အဆင်ပြေမည်။ မြစ်ချောင်းနီးသော နေရာများသို့
ပြောင်းရွှေ့နေထိုင်ရခြင်း (သို့မဟုတ်) ပင်လယ်ရေလုပ်ငန်းများကို
ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ စိတ်ကူးယဉ်ဖို့ အချိန်မရ လက်တွေ့တွင်
အလုပ်များ တခုပြီးတခု ဆက်တိုက် လုပ်ကိုင်ဆောင်ရွက် နေရတတ် သည်။
အတိတ်ကာလက ခံစားနေရသော ဒုက္ခများကြောင့် ယခုကာလ ပတ်ဝန်းကျင်သစ်တွင်
စိတ်သစ်လူသစ်ဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာ သုခခံစားနေရမည်။
အစာအဆိပ်သင့်ခြင်းနှင့် ကား၊ ရထား အက်ဆီးဒင့် ထိခိုက်ဒဏ်ရာရမှုများကို
အထူးဂရုစိုက်သင့်ပါသည်။ မကြာခဏလဲ ခရီးသွား နေရတတ်သဖြင့် ဂုဏ်တော်
(၉)ပါးကို (၉)ခေါက် ရွတ်ဆိုပြီးမှသာ သွားလာသင့်သည်။ အန္တရာယ်ကင်းမည်။
စိတ်ကူးယဉ်ထားသော လုပ်ငန်းများ သဲထဲရေသွန်ဖြစ်ပြီး မထင်မှတ်
မရည်ရွယ်သော အလုပ်များက ပေါက်ရောက်အောင်မြင်နေတတ်သည်။ ကျား - မ
အတူနေများ သွားပုတ်လေလွင့် အစွပ်စွဲခံရတတ်သည်။ ငယ်သူငယ်ချင်း
မိတ်ဆွေအပေါင်းအသင်းဟောင်း များနှင့်လည်း သဘောထားမတိုက်ဆိုင်
စကားများရန်ဖြစ်ကာ လမ်းခွဲရတတ်သည်။
ယတြာ။
။ သီးသား (သို့မဟုတ်) သစ်တုံးပွပွကို မြစ်ချောင်းများတွင်
ရေမျှောလိုက်ပြီး မေတ္တာပို့၍ ဆုတောင်းပါက လိုရာဆု ရလာပါလိမ့်မည်။ |