|

အနှောင့်အယှက်၊ အခက်အခဲ၊ အဟန့်အတားများကို ကျော်ဖြတ်ပြီး မှသာ
အောင်မြင်မှု ရရှိပေမည်။ ဘယ်အရာမှ လွယ်လွယ်နဲ့မရ၊ ကုသိုလ်ကံကို
အားကိုးလို့မရ၊ ဉာဏ်နှင့်ဝိရိယ ကြိုးစားအားထုတ်မှု အကျိုးခံစားရမည်။
မိခင်ဘက်မှ ဦးလေး၊ ဦးကြီး၊ ဆွေမျိုး မိတ်ဆွေ တို့၏ အကူအညီရမယ်။
လုပ်ငန်းအကြံအစည်များ အောင်မြင်ခါနီးမှ အပြိုင်အဆိုင်တွေ ပေါ်လာပြီး
ပျက်သွားလိမ့်မည်။ အကြံအစည် သစ်များကို ဆက်လက်ပြုလုပ်ပါက
အောင်မြင်မှုရမယ်။
အချင်းချင်း
ကတုံးကတိုက်လုပ်လို့ အထက်လူကြီး ဆရာသမားတို့၏ အထင်အမြင်လွဲခံရမယ်။
ကိုယ့်ထက် အစစရာရာ နိမ့်ကျသူမှ ပြဿနာရှာတဲ့အတွက် ခံရခက်နေမယ်။
ပိုးစိုးပက်စက် အပြောခံရမယ်။ ချောင်ထိုးခံရမယ်။ သည်းခံစိတ်ရှည်ပါ။
မကြာမီ အခွင့်အရေး ပြန်လည် ရရှိ လာပါမည်။ အလုပ်အကိုင်အသစ် (သို့မဟုတ်)
အိုးအိမ်အသစ်ရမယ်။ လျှို့ဝှက်လုပ်ငန်းများ အောင်မြင်မှုရလို့ လူအများက
ချီးကျူးလေးစားဂုဏ်ပြုခံရမည်။
အနီးကပ်
ပေါင်းအသင်းနေထိုင်သူများမှ ပစ္စည်းဥစ္စာ၊ ငွေကြေး ကပ်ပြီးလိမ်သွားပါမည်။
တန်ဖိုး ရှိသော ပစ္စည်းများဝယ်ရင် စာရင်းမရှင်းနိုင်ဘဲ ဖြစ်နေပါမည်။
မိခင်၏ ကျန်းမာရေးညံ့သည်၊ သတိပြုပါ။ ပညာရှိ၊ သူတော်ကောင်း
မိတ်ဆွေအသစ်ရမည်။ လင်မယားချင်း၊ ချစ်သူရည်းစား ချင်း တကျက်ကျက်
စကားများရန်ဖြစ်မည်။ မထင်မှတ်ဘဲ ခရီးဝေးသွားရမည်။ လုပ်ငန်းတွင်
အတိုက်အခံများနှင့် တွေ့သော်လည်း အောင်မြင်မှုရရှိမည်။
အစာမကြေ
ရောဂါဖြစ်မည်။ အူအတက်ပေါက်ရောဂါကြောင့် ခွဲစိပ်ကုသမှု ခံရတတ်သည်။
ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး အကျိုးပေးမယ်။ စပ်တူလုပ်ရင် လုပ်ငန်းတွေ
အောင်မြင်မယ်။ ဝိရိယစိုက်ထုတ်မှုကြောင့် ရရှိတဲ့ အောင်မြင်မှုများမှ
ငွေဝင်နေမယ်။ အမွေဆိုင် အိုးအိမ်ကိစ္စ စကားများရခြင်း၊
အမှုအခင်းကြုံရခြင်းတို့ကြောင့် စိတ်ညစ်ညူးရှုပ်ထွေးရမည်။ သားသမီးတို့၏
အမှုအခင်းများလိုက်လံ ရှင်းနေရတတ်လို့ သူတို့ အပူကို ကိုယ့်အပူလို
ဖြစ်နေလိမ့်မယ်။ အတွင်းရန် သတိပြုပါ။ အရေပြားနဲ့ပတ်သက်တဲ့ ရောဂါ
ဖြစ်မယ်။ အပူနာတွေ ပေါက်မယ်။
ယတြာ။
။
ဘုရားကို
ရေသပ္ပါယ်ခြင်း၊ သောက်တော်ရေ အမြဲဆက်ကပ်ခြင်း၊ ဆီးမီး ပူဇော်ခြင်းဖြင့်
ကောင်းကျိုးချမ်းသာများ ရရှိခံစားရပါလိမ့်မည်။ |