Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

ဒီဇင်ဘာ၊ ၂၀၀၇

 

 

ကံဇာတာအဆိုးအကောင်းများ တလှည့်စီသော်လည်းကောင်း၊ တပြိုင်နက်သော်လည်းကောင်း တွေ့ကြုံနေရမည့်ကာလ ဖြစ်သည်။ ခင်ပွန်း၊ ဇနီး၊ ချစ်သူရည်းစားတို့ကြောင့် ဂုဏ်သိက္ခာတက်၊ နာမည် ရမည်။ မိတ်ဆွေအပေါင်းအသင်းတို့ထံမှ လက်ဆောင်ပစ္စည်းနှင့် လဘ်လာဘရရှိမည်။ သားသမီး၊ ညီငယ်/မငယ် လက်အောက်ငယ် သားတို့နှင့် ပျော်ရွှင်စရာခရီးဝေးသွားရမည်။ ရပ်ဝေးမှ မင်္ဂလာ သတင်းကောင်း ကြားရမည်။

လုပ်ငန်းခွင်တွင် လက်အောက်ငယ်သားများနှင့်  အဆင်မပြေဖြစ်မည်။ မမြင်ရတဲ့ ရန်သူက ထိပ်တိုက်ရင်ဆိုင်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပြောအဆိုမှားလို့ အထင်အမြင် လွဲခံရမယ်။ များသောအားဖြင့်တော့ အိမ်ထောင်ရေး၊ အိမ်တွင်းရေးမှာ စွပ်စွဲခံရတတ်သည်။ စိတ်ချမ်းသာမှုရမယ်။ ပတ်ဝန်းကျင်က လေးစားဂုဏ်ယူစရာလုပ်ရပ်တွေကို လုပ်ပြနိုင်မယ်။ ဂုဏ်ကျက်သရေရှိရှိ နေထိုင်သွားရမယ်။ တန်ခိုးအာဏာကြီးထွားမယ်။ လုပ်ငန်းမှာ သြဇာအာဏာရှိမယ်။ ကျန်းမာရေးကောင်းမယ်။

သူများရဲ့ အခွင့်အရေးကို ကိုယ်က ရနေတတ်ပြီး စီးပွားရေး ၀င်ငွေကောင်းနေသော်လည်း ရတဲ့ငွေ မမြဲတတ်ပါ။ အခွင့်အရေးတွေရ၊ ရာထူးတိုးလစာဝင်ငွေတိုးနေသော်လည်း သားသမီးက ဒုက္ခပေးလို့ စိတ်ညစ်စရာတွေကို ဖြေရှင်းနေရမယ်။ အလုပ်အကိုင်နှင့် ပတ်သက်သော အကြံအစည် အောင်မြင်မယ်။ ဖခင်မှာ ဗြုန်းကနဲ ချူချာမယ်။ အိမ်ပြင်ရလိမ့်မယ်။

ဝမ်းဗိုက် အောက်ပိုင်း ဒုက္ခပေးလိမ့်မယ်။ ဆီးကျိတ်ရေ၀င်ခြင်း၊ ဆီးအိမ်ရောင်ခြင်း ဖြစ်မယ်။ စအိုမှာ အပူနာပေါက်မယ်၊ အရေပြားလောင်လိမ့်မယ်။ ပြောစကားနာမထောင်တဲ့ သားဆိုး သမီးဆိုးကြောင့် ပတ်ဝန်းကျင်တွင် မျက်နှာပျက်ရ စိတ်ဆင်းရဲရ ဖြစ်မယ်။ အားလုံးကို စွန့်ပြီး အဝေးကို ထွက်ပြေးချင်စိတ် ဖြစ်နေမယ်။

မထင်ထားတဲ့ တပည့်လက်သား (သို့မဟုတ်) လူပုဂ္ဂိုလ်တစုရဲ့ အကူအညီ နဲ့ ငွေဝင်မယ်။ ကြွေးဆုံးများလဲ ပြန်လည်ရရှိတတ်သည်။ ရပ်ဝေးမှ လူမျိုးခြား၊ ဘာသာခြားတို့၏ အကူအညီ
မ,စမှုကြောင့် စီးပွားရေး လုပ်ငန်းအဆင်ပြေမည်။ မီးအပူလောင်ခြင်း၊ ဆီပူလောင်ခြင်းတို့ကြောင့် ပြင်းထန်စွာ အနာတရ၊ ဒဏ်ရာဖြစ်တတ်သည်ကို သတိပြုဆင်ခြင်ပါ။
                               

ယတြာ။              ။ ဘုရားတွင် စံပါယ်ပန်း၊ ဇွန်ပန်း လှူဒါန်းခြင်း၊ ရဟန်းသံဃာများအား ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်းခြင်း ပြုလုပ်ပါက ကံဆိုးများပျောက်၍ ကံကောင်းများ ခံစားရပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org