|

သူတော်စင်၊
သူတော်ကောင်းတို့နှင့် မိတ်ဆွေဖြစ်မည်။ အကြီးအကဲ၊ ဆရာသမားတို့ရဲ့
ကူညီစောင့်ရှောက်မှု ခံရမည်။ ပညာရေး ကံကောင်းလို့ စာမေးပွဲအောင်မယ်။
အာဏာပိုင်၊ သြဇာအာဏာ ရှိသူတို့ရဲ့ အကူအညီလည်း ရမယ်။
တရားထူးတရားမြတ်တို့ ကြားနာလေ့လာခွင့်ရမယ်။
လုပ်ငန်းခွင် အခွင့်အရေးများလည်း ကြိုးစားသလောက်
အကျိုးခံစားခွင့်ရပြီး၊ ရည်မှန်းချက်တွေ အောင်မြင်မယ်။ ခရီးသွားလာရင်း
မိတ်ဆွေသစ်များတိုးကာ လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်နိုင်ပြီး
ရာထူးတိုး၊ လစာတိုး၊ ၀င်ငွေတိုးမည်။ မိဘရဲ့အလုပ်ကို ၀င်လုပ်ပေးရင်းကနေ
စီးပွားရေး ကံကောင်းလို့ ငွေများများဝင်မယ်။ အိုးအိမ်အသစ် ဝင်မယ်။
အဖိုးတန်ကျောက်မြက်ရတနာ ဝင်မယ်။
အချစ်စစ်၊
အချစ်မှန်ဖြင့် ချစ်သူအသစ် ရမည်။ အိမ်ထောင်သည်များ ကလေးသားသမီး ရမည်။
လုပ်ချင်တာတွေအားလုံး ဖြတ်ကနဲ ဖြစ်လာလို့ စိတ်ချမ်းသာပျော်ရွှင်ရမယ်။
သားသမီးတွေ အတွက်လဲ စိတ်ချမ်းသာမယ်။ ဂုဏ်ရှိမယ်။ နည်းမသိလို့
ကုန်သွားတဲ့အချိန်တွေအတွက် နှမြော တသဖြစ်နေမယ်။
မင်းစိုးရာဇာတို့ထံမှလည်း ငွေဝင်မယ်။ ကုသိုလ်ကံအလွန်ကောင်းနေလို့
ငွေအမြောက်အမြား တလုံးတခဲတည်း ငွေဝင်ကိန်းရှိသည်။ ထီထိုးပါ၊
ထီပေါက်နိုင်သည်။ ၁၊ ၄ ဂဏန်းများ အကျိုးပေးသည်။
အလုပ်မှာလဲ
ကံကောင်းနေပြီး၊ အိုးအိမ်ခြံမြေကိစ္စ သတင်းကောင်းကြားရမယ်။ ငွေဝင်မယ်။
စီးပွားဖြစ်မယ်။ လက်အောက်ငယ်သားတို့နှင့် စကားများရပြီး၊ မိသားစုထဲက
တယောက်က ဒုက္ခပေးလိမ့်မည်။ မိခင်ဘက်ကအမျိုးအတွက် စိတ်ညစ်ရမယ်။
လုပ်ငန်းအကြံအစည်များလဲ လုပ်သလောက်အောင်မြင်မယ်။ ယခုအချိန်
မြေ၀ယ်လိုပါက အောင်မြင်မည်။ ရစရာရှိတဲ့ ငွေ၊ ကြွေးဟောင်းများ
ပြန်တောင်းပါက အဆင်ပြေစွာ ပြန်ရမယ်။ အထူးသဖြင့် စကားအပြောအဆို
ကျွမ်းကျင်မှုကြောင့် အရောင်းအ၀ယ် လုပ်ငန်းများ ပိုပြီး
အကျိုးဖြစ်ထွန်းမယ်။ မိတ်ဆွေကောင်း များလဲ တိုးပွားပေါများနေလို့
စိတ်ချမ်းသာ ပျော်ရွှင်နေရမယ်။
ဒူး၊ တအောင်
ဆစ်၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်တတ်သည်။
မတော်တဆ ချော်လဲခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ကြောင့် ခြေ၊ လက်
ကျိုးခြင်း ဖြစ်တတ် သည်ကို သတိပြုပါ။
ယတြာ။
။
အိမ်ရှိဘုရားတွင် ရွက်လှပန်းကပ်ခြင်း၊ လက်ဖက်ဆွမ်းကပ်ခြင်းနှင့် သံဃာ
တော်များအား ယပ်တောင်လှူဒါန်းခြင်းအားဖြင့် လာဘ်လာဘတိုးပွားပြီး
ဂုဏ်ကျက်သရေ မြင့်လာပါမည်။ |