Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

ဒီဇင်ဘာ၊ ၂၀၀၇

 

 

ယခုလအတွင်း ကျန်းမာရေးအညံ့ရှိသည်။ လေရောဂါ မကြာခဏ ဖြစ်တတ်သည်။ အထူးသဖြင့် လေဖြတ်ခြင်း၊ လေငန်းဆွဲခြင်းတို့ကို အထူးဂရုစိုက်ရမည်။ အသိပညာ၊ အတတ်ပညာတခု သင်ကြား တတ်မြောက်အောင်မြင်မည်။ အကြံအစည်တွေ အောင်မြင်မည်။

အိုးအိမ်အလုပ်အကိုင်နှင့် ပတ်သက်၍ သတင်းကောင်းကြားရမည်။ မိတ်ဆွေအပေါင်းအသင်းတို့၏ ကူညီမ,စမှုကြောင့် အလုပ်မှာ ကံကောင်းပြီး အခွင့်အရေးတွေကို အချောင်ရနေမည်။ အထက်လူကြီးသူမတို့၏ ငြိုငြင်မှု၊ အထင်သေးအထင်လွဲမှု ခံရတတ်သည်။ အတိုက်အခံများ ကြုံတွေ့ရပြီး  မိမိထက်အစစအရာရာသာသူတွေနှင့် ပြိုင်ဆိုင်ရမည်ဖြစ်သော် လည်း မိမိက အနိုင်ရရှိတတ်ပါသည်။

မိတ်ဆွေကောင်းများ တိုးပွါးနေ၍ လုပ်ငန်းအကြံစည်သစ်များလည်း တိုးချဲ့ဆောင်ရွက်နိုင်မည်။ အထူးသဖြင့် ဦးနှောက်သုံးရသော အသိပညာ၊ အတတ်ပညာဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်မည်။ စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်မည်။ ကြိုးစားသလောက် ကောင်းကျိုးခံစားရမည်။ ငွေဝင်မယ်၊ ရာထူးတိုးမယ်၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားစသည့် ယာဉ်ရထားဝင်မည်။ ရည်မှန်းချက်များအောင်မြင်လို့ ပျော်ရွှင်စိတ်ချမ်းသာမည်။

အစားအစာကောင်း စားရမည်။ အ၀တ်အစားသစ် လက်ဆောင်ရမည်။ ဆွေမျိုးတွေနှင့် ပတ်သက်လို့ အကျိုးပေးမည်။ ဆွေမျိုးချင်း ရိုင်းပင်းကူညီကြမည်။ မိန်းမဘက်က ဆွေမျိုး တွေနှင့် စပ်တူလုပ်ရင် အောင်မြင်မယ်။ သားသမီးများက ကိုယ့်စကား နားမထောင်ဘဲ ကိုယ့်ကို ဒုက္ခပေးလိမ့်မည်။

သားသမီးတို့၏ကျန်းမာရေး အညံ့ရှိသည်။ ကျန်းမာရေးသတိပြုပါ။ ဆေးစားမှားခြင်း၊ ဆေးထိုး မှားခြင်းနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်တတ်သည်။ ဆီးရောဂါ၊ ကျောက်ကပ် ရောဂါကြောင့် ဖေါရောင်ခြင်း ဖြစ်တတ်ပါသည်။

ယတြာ။              ။ ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများအား ဆေးဝါး လှူဒါန်း ထောက်ပံ့ခြင်းဖြင့် ကုသိုလ်ကံအဆိုး/အညံ့များမှ ကံဇာတာအကောင်းဘက်သို့ ရှေ့ရှု တိုးပွါး   လာပါလိမ့်မည်။

 


 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org