Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

ဒီဇင်ဘာ၊ ၂၀၀၇

 

 

အလုပ်မှာ ကြိုးစားလုပ်ကိုင်နေတဲ့အတွက် အထက်လူကြီး ဆရာ သမားတို့၏ အသိအမှတ်ပြု ယုံကြည်စိတ်ချခြင်း ခံရမယ်။ လုပ်ကိုင် နေသာ လုပ်ငန်းများမှာ အောင်မြင်မှုရ၍ ပတ်ဝန်းကျင်မှ အထင်ကြီး နာမည်ကောင်းများ ရနေသော်လည်း လူနှင့်အလုပ်မမျှ၊ မနိုင်ဝန် ထမ်းနေရသဖြင့် အလွန်ပင်ပန်းခြင်း၊ အကျိုးခံစားခွင့် ၀င်ငွေများ လည်း အလွန်နဲစွာ ရရှိနေတတ်သည်။

လက်အောက်ငယ်သား ညီငယ်ညီမငယ်တို့၏ နာရေးကိစ္စအတွက် ဦးစီးလုပ်ကိုင်ပေးနေရ၍ ငွေကုန်လူပန်း ဖြစ်နေတတ်သည်။ လုပ်ချင်တာတွေများနေပြီး အခွင့်အရေးများလည်း ရှိနေ သော်လည်း ၀င်ငွေအတွက် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေမယ်။ ပြင်ပနိုင်ငံခြား ခရီးဝေးသွားရဖို့ အခွင့်အရေးကောင်းတခု ရမည်။ အတတ်ပညာနှစ်မျိုး တပြိုင်နက် ရရှိစေမည့် သင်တန်း တက်ရောက်အောင်မြင်မည်။

အမျိုးနှစ်ယောက်ထံမှ တပြိုင်နက် ချစ်ခြင်းမေတ္တာရရှိသော်လည်း  ငွေကြေးဥစ္စာကြောင့် ဆုံးဖြတ်ရခက်သော အချစ်ရေး ယောင်ချာချာဖြစ်နေမည်။ အထက်လူကြီးတို့၏ ချီးမြှင့်မြောက် စား အရေးပေးခြင်းခံရသော်လည်း လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း၏ အထင်အမြင်လွဲ ငြိုငြင်ခြင်း ခံရမည်။ အတူနေ မိသားစုအတွင်း ကျန်းမာရေးချူချာသဖြင့် စိတ်အနှောင့်အယှက်ဖြစ်မည်။

အချိန်ပြည့် အလုပ်ထဲတွင်သာ ဇာက်ချလုပ်နေသဖြင့် ချစ်သူရည်းစားနှင့် မိသားစုတို့၏ ငြိုငြင် ခံရမည်။ မိမိအတွက် အလွန်ကြီးလေးသော စီမံကိန်း၊ စီမံချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်လို့ စိတ်ချမ်းသာပျော်ရွှင်မှု ပီတိခံစားရမည်။ ဤကာလအတွင်း ဘာသာရေး လုပ်မိပါက ပေါက်ပေါက်ရောက်ရောက် အောင်မြင်မှုရမည်ဖြစ်သည်။

အလုပ်ပင်ပန်းသဖြင့် ခြေကုန်လက်ပန်းကျ အားနည်းတတ်သည့် ရောဂါမှလွဲ၍ အခြား ကျန်းမာရေးချို့တဲ့မှု မရှိပါ။

ယတြာ။              ။ ရဟန်းသံဃာတော်များ (သို့မဟုတ်) ဆင်းရဲသားများအား ဆန်၊ ဆီ၊ ဆေး၊ ဆား တခုခု လှူဒါန်းခြင်းဖြင့် ကျန်းမာချမ်းသာမှု ရရှိပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org