|

လုပ်ငန်းအခွင့်အရေးများနှစ်ခုစီ အပြိုင်နက်ပေါ်နေသဖြင့် အရွေးရ
ခက်နေမည်။ နှစ်ကြိမ်နှစ်ခါရသော်လည်း စိတ်နှစ်ခွ ဖြစ်နေမည်။ အထူးသဖြင့်
အချစ်ရေးတွင် ပို၍ အရွေးရခက်နေမည်။ စကား အပြောအဆို မှားယွင်းမှုကြောင့်
ပတ်ဝန်းကျင်၏ စွပ်စွဲပုတ်ခက် ပြောဆိုခြင်းလဲ ခံနေရမည်။ တဦးတည်း
တယောက်တည်း အေးအေးချမ်းချမ်း နေလိုသော်လည်း ပတ်ဝန်းကျင်၏ ဝေဖန်
ပြောဆိုမှုများကြောင့် အပြောအဆို၊ အသွားအလာ ဆင်ခြင်နေရသဖြင့်
စိတ်ကျဉ်းကြပ်နေမည်။ စိတ်ဆင်းရဲစရာသတင်းကြားနေရမည်။
အကြံအစည်တွေ
လက်တွေ့မှာ မဖြစ်မြောက်ဘဲ ဖြစ်ရလိမ့်မယ်။ ရည်ရွယ်ချက်မဲ့သလို ဖြစ်ပြီး
ငွေကုန်များနေမယ်။ လူကြီးမိဘရဲ့ပြဿနာကို ကိုယ်က
လိုက်ဖြေရှင်းပေးနေရလို့ စိတ်ရှုပ်မယ်။ စိတ်ညစ်မယ်။ မျက်နှာငယ်ရမယ်။
အပင်ပန်းခံ တည်ဆောက်ထားတဲ့ ကိုယ့်ရဲ့လုပ်ငန်းများကိုလဲ ထိခိုက်မယ်။
လုပ်လက်စအလုပ်များ တပိုင်းတစ ဖြစ်နေမယ်။ အတူနေ ညီအကိုမောင်နှမ
အချင်းချင်း စိတ်ဝမ်းကွဲလို့ အိမ်ခွဲနေကြရမယ်။
စအိုမှာ
အနာဖြစ်မယ်။ ဆရာသမားအကြီးအကဲတို့၏ အကူအညီနဲ့ အလုပ်သစ်၊ အခွင့်အရေးများ
ရမည်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရသော်လည်း ၀င်ငွေကောင်းသည့်
ရာထူးတိုးမယ်။ သူများ၏ နှောင့်ယှက်မှုကြောင့်
အရောင်းအ၀ယ်လုပ်ငန်းများတွင် စိတ်ညစ်ရမည်။ ငွေ တော်တော်များများ
ပြန်မပေါ်ဘဲ ရှိနေတတ်သည်။ ရှိတဲ့ငွေအားလုံးမှာလဲ လက်ဝယ်မရှိဘဲ
ဖြစ်နေမယ်။ ရင်းနှီးထားတဲ့ ငွေများလဲ ဆုံးရှုံးရတတ်သည်။
ဆွေမျိုးသားချင်း အချင်းချင်း အကြီးအကျယ် စကားများမယ်။ အိမ်ထောင်ဖက်က
ကျန်းမာရေး ချို့တဲ့မယ်။ အိမ်ထောင်ဘက် ခင်ပွန်း (သို့) ဇနီးတို့ထံမှ
အမွေအနှစ်ရမယ်။ လုပ်ငန်းအသစ်များ တခုပြီးတခု ပြောင်းလုပ်နေသော်လည်း
စိတ်တိုင်းမကျ ဖြစ်နေမယ်။ အူအတက်ပေါက်ခြင်း (သို့မဟုတ်) အစာအိမ်ရောဂါ
တခုခုကြောင့် ခွဲစိတ်ကုသမှုခံရတတ်သည်။ အခွင့်အရေး သစ်များကို
ကြုံတွေ့နေရသော်လည်း စိတ်ရှုပ်ထွေးပြီး ဆုံးဖြတ်ရခက်နေမည်။ ယတြာ။
။
အင်္ကျီအ၀တ်အစားဟောင်းများကို လျော်ဖွတ်ပြီး မရှိဆင်းရဲသားများအား
ပေးကမ်းစွန့်ကြဲပါ။ ဘုရားတွင် အုန်းညွန့် (၇) ညွန့် (သို့မဟုတ်) ၉
ညွန့်ထိုးပါ။ အညံ့အဆိုးများ ပျောက်၍ အကောင်းများ ရရှိပါမည်။ |