Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

ဒီဇင်ဘာ၊ ၂၀၀၇

 

 

အလုပ်အကိုင်မှာ ကံကောင်းနေလို့ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများအကြား ပတ်ဝန်းကျင်မှာ မျက်နှာပန်းပွင့်၊ လူရာ ဝင်ဆန့်နေမယ်။ မိတ်ဆွေကောင်းတွေနဲ့ အလုပ်အတူ လုပ်နေရလို့ အပြန်အလှန် အကူအညီပေးမှုတွေ ရရှိနေမယ်။ ဆရာသမား၊ အကြီးအကဲတို့ရဲ့ အတိုင်ပင်ခံရမယ်။ စိတ်ကူးကောင်းနဲ့ ကြိုးစား လုပ်နေတဲ့ အလုပ်များအားလုံး အောင်မြင်မယ်။

ယောက်ျား၊ မိန်းမ ဆန့်ကျင်ဘက်လိင်တို့ရဲ့ စိတ်ဝင်စားခြင်း ခံရမယ်။ စန်းပွင့်မယ်။ ခရီးသွား လိုရင် အဆင်ပြေပြေနဲ့ ခရီးသွားရမယ်။ အ၀တ်အစားအသစ်၊ အိမ်တွင်းသုံး ပစ္စည်းကောင်းများ ဝင်မယ်။ အိမ်တွင်းရေးမှာလည်း စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်နေမယ်။ မမျှော်လင့်ဘဲ ငွေဝင် မယ်။ ကုသိုလ်ကံအခွင့်အရေးများလဲ အဆက်မပြတ် ရနေမယ်။ ကိုယ်ဘက်က ဦးဆောင်ပြီး လုပ်ချင်တဲ့  အလုပ်တွေကို လုပ်ဖြစ်မယ်။

ယာယီခရီးသွားပြီး တနယ်တကျေးမှာ စီးပွားရှာရင် အကျိုးရှိတယ်။ ငွေများများရမယ်။ သူများ ကလည်း ကူညီမယ်။ စီးပွားရေးကံ ကောင်းမယ်။ သားသမီးက ပြောစကားနားမထောင်ဘဲ ကိုယ့်ကို တော်လှန်နေလို့ စိတ်ညစ်ရမယ်။ သားသမီးများရဲ့ ပညာရေးမှာလည်း ကိုယ်မျှော်မှန်း သလို ဖြစ်မလာလို့ စိတ်ဆင်းရဲစရာ ကြုံနေရမယ်။ မကြာခဏ ခရီးသွားနေရလို့ မိတ်ဆွေသစ် များလဲ တိုးပွားနေမယ်။ လုပ်ရည်ကိုင်ရည်ကို အသိအမှတ်ပြု နာမည်သတင်းကြီးမယ်။

စိတ်ချမ်းသာစရာ ပျော်ပွဲရွှင်ပွဲများလည်း သွားနေရမယ်။ အိမ်ခြံမြေ အဆောက်အအုံအတွက် ကြံစည်လုပ်ကိုင်မယ်ဆိုရင် အောင်မြင်မယ်။ ဂုဏ်သရေရှိရှိ လုပ်နေတဲ့ မိမိရဲ့အလုပ်ကို အချင်းချင်းက နာမည်ပျက်အောင် ဖျက်ဆီးလိမ့်မယ်။ တရားထိုင်ခြင်း၊ အဓိဌာန် ပုတီးစိတ်ခြင်း များ ပြုလုပ်ရင် အောင်မြင်ကျော်လွှားနိုင်မယ်။ တရားမျှတမှုကိုသာ လိုလားသော မိမိရဲ့ ဂုဏ်သိက္ခာကို ပတ်ဝန်းကျင်က အသိအမှတ်ပြုလေးစားလို့ ကိုယ်တိုင်လဲ တရားသူကြီးသဖွယ် အဆုံးအဖြတ်ပေးရသော လူကြီးလူကောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေရမယ်။

ဆီးရောဂါဖြစ်ခြင်း၊ လိင်အင်္ဂါတွင် ယားနာအပူဖုပေါက်ခြင်း ရောဂါဝေဒနာ ရရှိမည်။

ယတြာ။              ။ ခလေးသူငယ်များအား မုန့်ဝေငှခြင်း၊ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့အား အစာကျွေးခြင်းအားဖြင့် ဂုဏ်ကျက်သရေရှိစွာဖြင့် ပစ္စည်းဥစ္စာတိုးပွား စိတ်ချမ်းသာရမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org