|

ဆွေမျိုး၊
မိတ်ဆွေတို့၏ အကူအညီ အများကြီးရမယ်။ အလုပ်ကြိုးစား သလောက်လဲ
အကျိုးခံစားခွင့်ရနေမယ်။ အထူးသဖြင့် မိခင်ဘက်မှ ဦးလေး၊ ဦးကြီးတို့၏
ကူညီထောက်ခံမှု ပိုမိုရရှိတယ်။ (အရေပြားနှင့် ပတ်သက်သော
အပူနာတွေဖြစ်မယ်။ လည်ပင်းတွင် ယားနာပေါက် မည်။) လုပ်ဖေါ်ကိုင်ဖက်တို့ရဲ့
အကူအညီလဲ ရနေမယ်။ စကားပြော ကောင်းလို့လဲ လုပ်ငန်းတွေမှာ
အကျိုးပေးနေမယ်။
သားသမီးများ၏ ပညာရေးအတွက် ဂုဏ်ယူရလိမ့်မည်။ မင်းစိုးရာဇာ
အာဏာပိုင်တို့နှင့် သိကျွမ်း ရင်းနှီးခွင့်ရပြီး အကူအညီများလည်း
ရပါမည်။ စစ်ဘက်နယ်ဘက်က ဆရာသမား အကြီးအကဲ တွေ စောင့်ရှောက်လို့ အလုပ်တွေ
အောင်မြင်နေရမယ်။
ရပ်ဝေးမှ
နိုင်ငံခြားသားများနှင့် တွဲ၍ အလုပ်လုပ်ကိုင်ခြင်းဖြင့်
စီးပွားဖြစ်ထွန်းမည်။ နိုင်ငံခြားသို့ ခရီးဝေးသွားရမည်။ အတူနေ
တနင်္ဂနွေသားသမီးတို့နှင့် တကျက်ကျက် စကားများရန်ဖြစ်နေရ လိမ့်မည်။
လုပ်ငန်းခွင့်များတွင်လည်း မနာလိုသူများရဲ့ ကတုံးကတိုက်
လုပ်ခြင်းခံရမည်။ အဝတ်အစားအကောင်းစား အသစ် လက်ဆောင်ရမည်။
ရည်မှန်းချက်အလုပ်များ အကောင် အထည်ဖေါ် အောင်မြင်နိုင်သည့် ကာလဖြစ်သည်။
အိမ်ထောင်သည် ယောက်ျား/မိန်းမတို့နှင့် အစွပ်စွဲခံရတတ်သည်။ အပြန်အလှန်
အမှုအခင်းဖြစ် လို့ နာမည်ပျက်တတ်သည်။ မိသားစုဝင်တဦး ဆေးရုံတက်ရတတ်သည်။
မိသားစုဝင်တဦး ကြောင့်လဲ အရှက်တကွဲအကျိုးနဲ နာမည်ပျက်တတ်သည်။
ယတြာ။
။
ဗုဒ္ဓဟူးနေ့တွင် ရွက်လှ (၄)ရွက်တွင် ရှောက်ယိုထည့်၍ အိမ်မှဘုရားတွင်
ဆွမ်းကပ်ပြီး လိုရာဆုတောင်းပါ။ |