|

မင်းစိုးရာဇာ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့နှင့် မိတ်ဆွေဖြစ်မည်။
အဆောက်အအုံကိစ္စ စကားပြောဆို အောင်မြင်မည်။ မိမိလုပ်ရည် ကိုင်ရည်များကို
ပြသခွင့် အခွင့်အလန်းကြုံတွေ့ရမည်။ (ကျန်းမာရေး မကြာခဏ
သွေးလေမညီညွတ်ဖြစ်ပြီး သွားနှင့်နားက အမြဲ ဒုက္ခပေး နေတတ်သည်။
မျက်နှာတွင် မတော်တဆ ထိခိုက်မိတတ်သည်ကို သတိထားဂရုပြုပါ။)
ဆန့်ကျင်ဘက်လိင်တို့ရဲ့ စိတ်ဝင်စားမှုကိုခံရတတ်ပြီး စန်းပွင့်နေသော်လည်း
လုပ်ငန်းတွင် အနှောင့်အယှက်၊ အခက်အခဲ ကြုံတွေ့ရတတ်သည်။ မိသားစုအတွင်း
ငွေအကုန်အကျ များနေ မည်။ သူများကို ငွေချေးငှားမိပါက ပြန်မရဘဲ
ဆုံးတတ်သည်။ ဆွေမျိုးများထဲမှ နာရေးသတင်း ကြားရတတ်သည်။ လှောင်ထားသော
ပစ္စည်းတွေ အရောင်းအ၀ယ်ပြန်ပြီး လာဘ်ရွှင်နေမည်။ ခရီးသွားရင်းလည်း
စီးပွားရေးအကျိုးပေးနေမည်။ လုပ်ငန်းကံကောင်းနေမည်။
အိမ်ထောင်သည်များ သားသမီးရတနာ ရမည်။ ၀င်ငွေတိုးလို့
ဂုဏ်သိက္ခာမြင့်မားနေပြီး အိမ်ထောင်ရေးတွင် စိတ်ချမ်းသာနေမည်။
ထီပေါက်ကိန်းရှိ ၍ ထီထိုးပါ။ ၂၊ ၈ ဂဏန်းများ ပါအောင်ထိုးပါ။
အရောင်းအ၀ယ်လုပ်ငန်းတွေမှာ ကြိုးစားလုပ်သမျှ အမြတ်အစွန်းရ အောင်မြင်
ပြီး စီးပွားရေးကောင်းနေမည်။ အလုပ်အကိုင်ရည်မှန်းချက်တွေ
အောင်မြင်နေလို့ ငွေကြေးနဲ့ ပတ်သက်လို့ စိတ်ချမ်းသာမယ်။
အခွင့်အရေးသစ်များလည်း ကြုံတွေ့နေရပြီး အဆင်ပြေမည်။ ညီအကိုမောင်နှမ
ဆွေမျိုးများ အမွေဆိုင် အိုးအိမ်ခြံမြေအတွက် စကားများရန်ဖြစ်၍
ငြိုငြင်မှုခံရမည်။ ယတြာ။
။
မရှိဆင်းရဲသားများအား မိမိ၏ အ၀တ်အစားဟောင်းများကို စင်ကြယ်စွာ
လျော်ဖွတ်၍ လက်ဆောင်ပေးခြင်းဖြင့် ကျန်းမာချမ်းသာ အန္တရာယ်ကင်း
ဘေးရှင်းဖြစ်ပါမည်။ |