|

သူတော်ကောင်းတွေနဲ့ မိတ်ဆွေဖြစ်မည်။ သြဇာရှိသူ အာဏာပိုင်တို့ရဲ့
အကူအညီရမယ်။ ချစ်သူအသစ်နဲ့ တွေ့ရမယ်။ ဆရာသမားများရဲ့ ငြိုငြင်မှုခံရပြီး
သားသမီးများက ဒုက္ခပေးမယ်။ အကျိုးမရှိဘဲ နာရေးခရီးသွားရမယ်။
မိတ်ဆွေအသစ်များလည်း တိုးနေမယ်။ ညအိပ်ဆွေးမျိုးသားချင်းတဦးလာရောက်၍
မကောင်းသတင်းများ ကြားရပြီး စိတ်ဆင်းရဲရမည်။
မိမိအကြံအစည်များ လက်တွေ့မှာ ပျက်နေမယ်။ အိုးအိမ်ကိစ္စ စကားများပြီး
အမှုအခင်းကြုံမယ်။ ကိုယ့်ဆီက ပစ္စည်း၊ ငွေ ချေးငှားပြီး ပြန်မရ
အလိမ်ခံရမည်။ စိတ်ရှုပ်ထွေးစရာများ ကြုံတွေ့နေ ရသလို အတွင်းရန်
သတိပြုပါ။ ဗြုန်းကနဲ လက်ရှိနေရာက နိမ့်ကျသွားမယ်။ ဘ၀အနေအထား
ပုံမမှန်ဖြစ်နေမယ်။
လူကြီးမိဘတို့ရဲ့ ကျန်းမာရေးချို့တဲ့မယ်။ မိခင် (သို့) ဒေါ်ကြီးတို့က
ကိုယ့်ကို အထင်သေးမယ်။ တန်းဖိုးကြီးတဲ့ ပစ္စည်းပျောက်ဆုံးမှုကြောင့်
စိတ်ဆင်းရဲရမယ်။ လက်အောက်ငယ်သား၊ သားသမီး၊ ညီငယ်ညီမငယ်များအပေါ်
သြဇာမရှိဘဲ ဖြစ်နေမည်။ ပညာရေးကိစ္စကြောင့်လဲ စိတ်ညစ်နေရလိမ့်မည်။
စိတ်ကူးယဉ်ပြီး လုပ်နေတဲ့ အလုပ်တွေ ပျက်စီးလိမ့်မယ်။
အစာအိမ်၊
အူနှင့် ပတ်သက်သော ရောဂါဖြစ်တတ်ပြီး ခွဲစိတ်ခံရတတ်သည်။ သွေးထွက်သံယို
အသေးစားဖြစ်မည်။
ယတြာ။
။
အိမ်မှာရှိသော ထီးအစုတ် (သို့မဟုတ်) ဖိနပ်အစုတ်ကို အနောက်တောင်
ထောင့်အရပ်သို့ လွှင့်ပစ်ပါက အဆိုးများပျောက်၍ အကောင်းများရောက်လာပါမည်။ |