|

မင်းစိုးရာဇာတို့၏ အကူအညီရမည်။ သြဇာအာဏာရှိသူတို့နှင့် တွေ့ဆုံ
မိတ်ဆွေဖြစ်ခွင့် ရမည်။ ဒီလအတွင်း စီးပွားရေး၊ လူမှုရေး၊ စိတ်အေး
ချမ်းသာမှုများ ခံစားရမည်။ မိခင် (သို့မဟုတ်) ကြီးဒေါ်တဦး
ကျန်းမာရေးချို့တဲ့မည်။ အမွေဆိုင်၊ အိမ်ခြံတို့ကို တန်ဖိုးလျော့၍
ရောင်းချမှု ကြုံတွေ့ရမည်။
သာမန်ရောဂါကို ဆေးမှား စားမိ/ထိုးမိ၍ ရောဂါကြီးဖြစ်တတ်သည်ကို သတိပြုပါ။
မိမိပြုလုပ် ခဲ့သော အလုပ်အကိုင်များမှ တဖြည်းဖြည်း
အကျိုးခံစားရခွင့်ရမည်။ စိတ်ရှည်ပါ။ ပတ်ဝန်းကျင်က လေးစားမည်။ အများက
ကြည်ညိုလေးစား၍ ဆရာတင်မြှောက်ကြ၍ သြဇာအာဏာရှိသော လူကြီးဖြစ်မည်။
အရောင်းအ၀ယ်လုပ်ငန်းများတွင် ငွေတော်တော်များများ ပြန်မပေါ်ဘဲ
မြုပ်နေလို့ စိတ် ကသိကအောင့် ဖြစ်မည်။ အနီးကပ် လူယုံများကို
ငွေကြေးကိစ္စများကို လုံးဝလွှဲထားတတ်၍ သစ္စာဖောက်ပြီး ဆုံးရှုံးတတ်သည်ကို
သတိပြုပါ။ စီးပွားရေးတွင် မိမိ၏ ပြိုင်ဘက်များကို အသာစီးဖြင့်
အောင်နိုင်မည်။ အိမ်နေရာ၊ အလုပ်အကိုင်နေရာ အပြောင်းအလဲရှိသည်။ မိမိ
ရည်မှန်းချက်၊ စီးပွားရေးအလုပ်အကိုင် ပုံဖေါ်လို့ကောင်းသည့် ကာလဖြစ်သည်။
အမျိုးသားများ မိန်းမကိစ္စ စွပ်စွဲပြောဆိုခံရတတ်သည်။ အမျိုးသမီးများ
ကလေးမွေးရင် အသက် အန္တရာယ်ရှိသည်။ လေရောဂါ မကြာခဏဖြစ်မည်။ ရေချိုးမှား၍
ရောဂါထူပြောပြီး နာတာရှည် ရောဂါဝေဒနာ ခံစားရတတ်သည်ကို သတိပြုပါ။
အလုပ်အကိုင် အခွင့်အရေးများ မကြာခဏ ကြုံတွေ့နေရတတ်သော်လည်း
မနာလိုသူတို့၏ ဂုံးချောချောက်ချမှု ခံရတတ်၍ ချောင်ထိုးခံရ တတ်သည့်
အလုပ်များကို စိတ်မပါဘဲ လုပ်နေရတတ်သည်။
စိတ်ပန်းလူပန်းဖြစ်ရသော်လည်း စိတ်ရှည်သီးခံပါ။ သင့်အတွက်
နောက်ထပ်အခွင့်အရေးအသစ် များ အမြဲပေါ်နေတတ်သည်။
ယတြာ။
။
မိတ်ဆွေသူငယ်ချင်းတဦးအား ဦးထုပ်အသစ်တလုံးဝယ်ပြီး လက်ဆောင် ပေးပါက
ကောင်းကျိုးချမ်းသာများရရှိ ခံစားရပါမည်။
|