|

ဆရာသမားများရဲ့ အကူအညီဖြင့် အလုပ်အကိုင်သစ်များကို
လူမျိုးခြားများနှင့် တွဲလုပ်ကိုင်နေရမည်။ ဆရာသမားတို့၏ နေရာ ပေးခြင်း
ခံရတတ်သော်လည်း လက်အောက်ငယ်သားတို့၏ မနာလို ငြူစူခြင်း ခံရတတ်သည်။
လုပ်နေကျ
အလုပ်ဟောင်းများတွင် မနိုင်မနင်း ဖြစ်နေသော်လည်း အလုပ်အကိုင်အသစ်များ
တိုးချဲ့ ရာတွင် အဆင်ပြေချောမွေ့နေသည်။ အလုပ်လောဘကြီး ချဲ့ထွင်သော်လည်း
လက်အောက်ငယ်သား များကို အနိုင်ကျင့်ညှင်းဆဲသလို ဖြစ်တတ်သည်။
ဆရာသမားတို့၏ ယုံကြည်မှု ပိုမိုရရှိသလို မိမိလုပ်ချင်သော လုပ်ငန်း၊
အကြံအစည်များလည်း ဖြစ်ထွန်းအောင်မြင်မည်။ အခွင့်အရေးကောင်းတွေရလို့
ရာထူးတိုး လစာတိုးလို့ မိသားစု ပတ်ဝန်းကျင်မှာ သြဇာအာဏာရရှိနေမည်။
အိမ်ခြံမြေတို့ လျော့ဈေးနဲ့ ရောင်းရတတ်သည်။ အ၀တ်အစား ဦးထုပ်
အကောင်းစား အသစ် လက်ဆောင်ရမည်။ မင်းစိုးရာဇာ၊ အကြီးအကဲ၊
ပညာရှိသူတော်ကောင်းများနှင့် မိတ်ဆွေဖြစ်ရလို့ မျက်နှာပွင့်
ကျက်သရေတိုးနေမည်။
ဝမ်းဗိုက်နဲ့ ပတ်သက်သော လေထိုးလေအောင့်၊ အစာအိမ်ရောဂါဖြစ်တတ်သည်။
ကိုယ်ပိုင် လုပ်ငန်း လုပ်သူများအတွက် နာမည်ရ လုပ်ငန်းရှင်တဦးအဖြစ်
စီးပွားရေးတွင် အသိအမှတ်ပြု ခံရမည်။ ရပ်ဝေးမှ မိသားစုဆွေးမျိုးများ၏
မင်္ဂလာသတင်းကောင်းများ ကြားရမည်။
ယတြာ။
။
ကလေးသူငယ်များအား မကြာခဏ မုန့်ဝေငှခြင်းဖြင့် စိတ်ချမ်းသာခြင်း၊
ကိုယ်ကျန်းမာ ချမ်းသာခြင်းများ ခံစားရပါမည်။ |