|

စိတ်လေနေမယ်။ စိတ်ထဲမှာ တွေဝေထိုင်းမှိုင်းပြီး အလုပ်လုပ်လို့ မကောင်း
ဖြစ်နေမယ်။ ၀င်ငွေနည်းနေလို့ အဆင်မပြေဖြစ်ရပ်တွေ ကြုံတွေ့နေရမယ်။
ကိုယ့်ထက်နိမ့်ကျသူ၊ အခက်အခဲဖြစ် အကူအညီ လိုသူကို အကူအညီမပေးနိုင်လို့
စိတ်ဆင်းရဲနေရသလို ကိုယ့်ထက် ချမ်းသာ အဆင့်မြင့်သူက ငွေချေးငှားပြီး
ပြန်မဆပ်လို့ စိတ်ညစ်ရပြန် ပါတယ်။
ငွေကြေးနဲ့
ပတ်သက်လို့ အထင်လွဲအစွပ်စွဲလဲ ခံရတတ် သည်။ သူခိုး အခိုးခံရခြင်း၊
ငွေအလိမ်ခံ ရခြင်း ခံရတတ်သည်။ ကိုယ်အတွက် မပူပင်ရဘဲ သူများတွေအတွက်
စိတ်ပူနေရတတ်သည်။ လုပ်ငန်းအလွှဲအပြောင်း၊ ငွေအပေးအယူ မှားယွင်းမှုကို
အခွင့်အရေးယူ ဝေဖန်ပြစ်တင်ခံရမည်။
မိတ်ဆွေအတုအစစ် ခွဲခြားသိမြင်ပြီး သံဝေဂရစရာများ ကြုံတွေ့ရမည်။
သူများဒုက္ခတွေ ကိုယ်က လိုက်ဖြေရှင်း နေရလို့ စိတ်ညစ်စရာ ပြဿနာတွေ
ကြုံတွေ့နေရမယ်။ ငွေကုန် လူပန်းဖြစ်သည့် ကာလဖြစ်နေမည်။
အန္တရာယ်ကြီး
သေဘေးမဟုတ်သော်လည်း အူ၊ အစာအိမ်၊ ကျောက်ကပ်နဲ့ ပတ်သက်သော
ရောဂါဒုက္ခပေးလိမ့်မည်။ ပတ်ဝန်းကျင်ကတော့ မိမိအပြောအဆို၊
အလုပ်အကိုင်များကို အသိ အမှတ်ပြု လေးစားလာလိမ့်မည်။ အတတ်ပညာများ
တခုပြီးတခု သင်ကြားခွင့်ရလို့ ကံကောင်း နေပါသည်။ ဤကာလအတွင်း
အချစ်ရေးစန်းပွင့်နေလို့ အချစ်ဟောင်းနဲ့ တ၀ဲလည်လည် ရစ်ဝဲ နေသလို အချစ်သစ်များလည်း တဖွဲဖွဲမစဲ ရောက်လာနေပါမယ်။
သူများတွေ မနာလိုအားကျ လောက်အောင် နေသော်လည်း အိမ်ထောင်ရှိသူ
ကျား/မများနှင့် ဝေးဝေးရှောင်နေပါ။ အထင်အမြင်သေး အစွပ်စွဲခံရတတ်လို့
ဂုဏ်သိက္ခကျ အရှက်တကွဲ ဖြစ်တတ်သည်ကို သတိပြုပါ။
ဆရာသမား၊
အကြီးအကဲများထံမှ ရသောငွေကြေးအကူအညီမှာလည်း မိသားစုကျန်းမာရေး အတွက်
အကုန်အကျများနေလိမ့်မည်။ ဆွေမျိုးအချင်းချင်း ရန်ဖြစ်ကြသော
စိတ်မချမ်းသာစရာ သတင်းစကားတွေ ကြားရလိမ့်မည်။
မိသားစုအတွင်း ကျန်းမာရေးချို့တဲ့လို့ လူမမာပြုစုနေရင်း
ကိုယ်ကိုယ်တိုင်လဲ ရင်ခေါင်းအောင့် ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း
ဖြစ်မည်။ ရေချိုးမှားမည်။ အဆင်မသင့်ရင် လေဖြတ်မည်။ အဓိက ခြေထောက်
ဒုက္ခရောက်မည်။ ကျန်းမာရေးမကောင်းလို့ အလုပ်အကိုင်ကို စိတ်မပါ။
စိတ်မ၀င်စား ချင်သော်လည်း မဖြစ်မနေ လုပ်ဆောင်ရမည့်အလုပ်က တပုံတပင်
အမြောက်အမြား စုပြုံရောက် ရှိနေတတ်သည်။
ယတြာ။
။
ငါးပိ၊
ငန်ပြာရည်တို့ကို ရေစီးနေသော ရေမြောင်း၊ ချောင်းထဲသို့ သွန်ပစ်ပြီး
ငါးအစာကျွေးခြင်း၊ ငါးအရှင်လွှတ်ခြင်းတို့ ပြုလုပ်ပါ။ ကျန်းမာချမ်းသာ
ဘေးအန္တရာယ် ကင်းရှင်း သွားပါလိမ့်မည်။ |