|
မင်းစိုးရာဇာ၊
အထက်လူကြီးတို့၏ ကူညီစောင့်ရှောက်မှု ခံရမယ်။ လုပ်ငန်း ခွင်အတွင်း
ရာထူးပေးနေရာရသော်လည်း အချင်းချင်း ကတုံးကတိုက်လုပ် လို့
ဆရာသမားတို့ရဲ့ အထင်အမြင်လွဲခံရမယ်။ သားသမီးများ ပညာရေး ကောင်းလို့
စိတ်ချမ်းသာမယ်။ မျက်နှာပွင့်လန်းမယ်။ အတိုက်အခံများ ရှိနေ သည့်ကြားက
အခွင့်အရေးကောင်းများရလို့ နေရာရနေမယ်။ တရားထိုင် ပါက
ထူးခြားမှုများရရှိလာမည်ဖြစ်သည်။
ငွေရစရာတွေ
အများကြီးဖြစ်နေပြီး တောင်းတဲ့အခါ အခက်အခဲကြုံနေရမယ်။ ဒီအချိန် မှာ
သွားတောင်းရာ ရန်ဖြစ်စကားများရလိမ့်မည်။ စကားပြော ဆင်ခြင်ပါ။
မိတ်ကောင်းဆွေ ကောင်းတို့နှင့် တွဲပြီး အလုပ်လုပ်နေရမယ်။
ကြိုးစားနေတာတွေ အောင်မြင်မယ်။ အရောင်း အဝယ်ကောင်းပြီး ငွေရွှင်နေလို့
စိတ်ချမ်းသာမယ်။ ရတနာ၊ ရွှေ၊ ငွေ၊ အိမ်မြေ ၀င်မယ်။ မိတ်ဆွေ သင်္ဂဟရဲ့
အကူအညီရမယ်။ လူကြီးတွေက ကိုယ့်ကိုခေါ်သုံးမယ်။ စိတ်ကူးသစ်များ တိုးပွား
မည်။ ငွေကြေးနှင့် အလုပ်အကိုင် နှစ်မျိုးစလုံး အဆင်ပြေမယ်။
ဘာသာရေးနှင့်ပတ်သက်သော အလှူအတန်း လုပ်ရမယ်။ ကြိုးစားရင် ကြိုးစား
သလောက် အခွင့်အရေးသစ်များ ရနေမယ်။ စီးပွားရေးအဆင်ပြေလို့ လာဘ်လာဘ
ရွှင်နေသလို နာမည်ကောင်းများရလို့ ဂုဏ်သိက္ခာတက်နေမယ်။
မိတ်ဆွေအပေါင်းအသင်းတို့၏ အကူအညီ သာမက ဆွေမျိုးသားချင်းတို့ရဲ့
ကူညီမ,စမှု ရရှိမယ်။ အထူးသဖြင့် သားသမီးများ၊ ညီငယ်/မငယ်တို့၏
မင်္ဂလာသတင်းကောင်းများ ကြားရတတ်သည်။ ခရီးသွားလာရမှု နည်းပါးပြီး မိသားစု၊
ဆွေမျိုးတို့အိမ်တွင် သိုက်သိုက်ဝန်းဝန်းဖြင့် မြဲနေတတ်သည်။ အတိုက်အခံ
ရန်သူများ ကို အောင်နိုင်မည့် ကာလဖြစ်သည်။
ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရှိတတ်သည်။ ဦးခေါင်း မကြာခဏကိုက်ခြင်း
ဖြစ်တတ် သည်။
ယတြာ။
။
ခွေး၊
ကြောင်၊ ကျေးငှက်တို့ကို အစောကျွေးခြင်း၊ ရဟန်းသံဃာ၊ လူကြီး သူမများအား
ပေးကမ်းလှူဒါန်းခြင်းအားဖြင့် လာဘ်လာဘရွှင်လို့ ကျက်သရေ မင်္ဂလာအပေါင်း
တိုးပွားပါမည်။ |