Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဧပြီ

 

 

ဤလအတွင်း အနေအထိုင်၊ အသွားအလာ ဆင်ခြင်သင့်သည်။ သူများသား မယားနှင့် ပတ်သက်လို့ အစွပ်စွဲခံရတတ်သည်။ အထင်အမြင်လွဲ ခံရတတ် သည်။ ပတ်ဝန်းကျင်အား အရွဲ့တိုက်တတ်သည့် ညာဉ်ကို စိတ်ထိန်းထားပါ။ သွေးထွက်သံယို ရန်ဖြစ်ရတတ်သည်။ ခရီးသွားလာရေး ဆင်ခြင်ပါ။ ခရီးလမ်း မှာ ဘေးဥပဒ်အန္တရာယ် ဖြစ်တတ်သည်။ တန်ဘိုးကြီးပစ္စည်း အခိုးခံရ၊ ပျောက် တတ်သည်။

ပညာရေး ကံကောင်းမယ်။ စာမေးပွဲ၊ အလုပ်အင်တာဗျူး ဖြေရမည်ဆိုပါက အောင်မြင် မည်။ သတ္တိရှိရှိဖြင့် လုပ်ခဲ့တဲ့အလုပ် အောင်မြင်မည်။ ကြိုးစားသလို အကျိုးခံစားရမည်။ မောင်နှမ အချင်းချင်း အဆင်ပြေလို့ မိဘများအတွက်လည်း စိတ်ချမ်းသာရမည်။ အမွေဆိုင်၊ အိုးအိမ်ကိစ္စ များ ပြောဆိုအောင်မြင်မည်။ ရန်သူရဲ့ပြိုင်ဆိုင်မှုကို ခံရပေမဲ့ ကိုယ်နိုင်မယ်။ အန္တရာယ်မရှိနိုင်ပေ မဲ့ ဆေးစားမှား၊ အစားမှားဖြစ်တတ်သည်။ တလွဲဆံပင်ကောင်းဖြစ်တတ်သည့် မာန်မာနကြောင့် အခွင့်အရေးတွေ ဆုံးရှုံးရတတ်သည်။

ပညာရေး၊ စီးပွားရေး ကြိုးစားနေတာတွေ အားလုံးအောင်မြင်မည်။ ရာထူးတိုး၊ ဝင်ငွေ တိုးမည်။ အမွေရ၊ ထီပေါက်သလို တလုံးတခဲ ငွေဝင်တတ်သည်။ ကား၊ ဆိုင်ကယ်၊ ယဉ်ရထား၊ စက်ပစ္စည်း ပျက်စီးဆုံးရှုံးရတတ်သည်။ သူများလုပ်နေတဲ့ စီးပွားရေးမှာ ကိုယ်က ဝင်လုပ်မိလို့ အမှားအယွင်းတွေ ဆုံးရှုံးရတတ်သည်။ တနင်္လာသားသမီး (က၊ ခ၊ ဂ၊ ဃ၊ င) ကြောင့် နာမည် ပျက်၊ ဂုဏ်သိက္ခာကျတတ်သည်။ အနီးကပ်လူယုံ သစ္စာဖောက်လို့  ငွေကုန် စိတ်ဆင်းရဲ ဖြစ်ရ တတ်သည်။

ဤလအတွင်း အချစ်ရေးတွင် အညံ့ရှိသည်။ သူတပါး၏ အချစ်ရေးတွင် အထင်လွဲ အစွပ်စွဲခံရသလို ကိုယ့်ချစ်သူ သူများထံ ပါသွားတတ်သည်။

မျက်စိနာခြင်း၊ မျက်လုံးခိုက်မိခြင်း စသည့် မျက်စိနှင့်ပတ်သက်သော ရောဂါ ဖြစ်တတ် သည်။ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ရာမှ အနာယင်း၍ ရောဂါတာရှည်တတ်သည်။  

ယတြာ။              ။ မွေးနေ့တွင် ဆီကြော်မုန့်၊ ဆီထမင်းကို ဘုရားဆွမ်းတော် ကပ်လှူပူဇော်ပြီး ဂုဏ်တော်ပုတီးစိပ်၊ မေတ္တာပို့ အမျှဝေခြင်းဖြင့် ကံအဆိုးများပျောက်၍ ကံကောင်းခြင်းများ ရောက်ရှိလာပါလိမ့်မည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org