Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဧပြီ

 

 

ဤလအတွင်း ကံဇာတာ အညံ့ပိုင်းတွင်ရှိနေသည်။ အိမ်တွင်းရေးမှာ စိတ် ဆင်းရဲရမယ်။ ငွေအပေးအယူ စာရင်းမှားတတ်သည်။ အပြိုင်အဆိုင်တွေနဲ့ တွေ့မယ်။ လူမုန်းများမယ်။ ရန်မူခံရမယ်။ စိတ်ဆင်းရဲစရာ သတင်းဆိုး ဖြစ်ရပ်များ ကြုံတွေ့ရတတ်သည်။ ခရီးဝေးသွားရတတ်ပြီး လမ်းခရီးမှာ ဘေးဥပါဒ်အန္တရာယ် ကြုံတွေ့ရတတ်သည်။ သူများကိစ္စတွေ လိုက်လုပ်ပေးနေရလို့ စိတ်ဆင်းရဲ၊ စိတ်ညစ်စရာတွေ ကြုံတွေ့ရမည်။ အသက်အန္တရာယ်နှင့် ဥပဒေမကင်းသောအလုပ်တွေ လုပ်ရလို့ ငွေကြေး မျိုးမျိုးမြက်မြက်ရရှိပေမဲ့ ငွေမမြဲဘဲ အလဟဿဖြစ်တတ်သည်။

အထက်လူကြီး၊ ဆရာသမား၊ မိဘများထံမှ ငွေကြေးအကူအညီ ရမယ်။ မိတ်ဆွေ ကောင်းများထံမှ တောင်းထားတဲ့ အကူအညီများရရှိမည်။ ငွေအား၊ လူအား အကူအညီများပင် ရတတ်လို့ လုပ်ငန်းများ အဆင်ပြေ၍ နာမည်ကောင်းရမည်။ စီးပွားရေးအရောင်းအ၀ယ်လုပ်ငန်း များ ကောင်းနေသော်လည်း လူမှုရေး၊ ကျန်းမာရေးတို့ကြောင့် ငွေကြေးအကုန်အကျ များနေ မယ်။

အိမ်ထောင်သည် အင်္ဂါသားသမီး(စ၊ ဆ၊ ဇ၊ ဈ၊ ည)တို့နှင့် အထင်အမြင်လွဲ၊ အစွပ်စွဲ ခံရတတ်သည်။ လူမှုရေးပြဿနာများ အမှုအခင်းရင်ဆိုင်ဖြေရှင်းနေရတတ်ပြီး အရှက်တကွဲ ဂုဏ်သိက္ခာကျ ဖြစ်တတ်သည်။ မိတ်ဆွေကောင်းတို့၏ အကူညီစောင့်ရှောက်မှုများ ရရှိမည်။

အစာအိမ်ရောဂါဖြစ်မယ်။ နားနဲ့ပတ်သက်လို့ ဒုက္ခပေးမယ်။ ဒူးနာ အဆစ်အမြစ်ကိုက်ခဲ ဖြစ်တတ်သည်။ ၀မ်းလျှောဖြစ်လိမ့်မည်။ အရေပြားမှာ အနာစိမ်းတွေပေါက်လို့ ခွဲစိတ်ရမယ်။ ဝမ်းဗိုက်ရောဂါဖြစ်မယ်။ ဆေးထိုးဆေးစားမှားပြီး ဒုက္ခဖြစ်တတ်သည်ကို သတိပြုပါ။

ယတြာ။              ။ ရဟန်းသံဃာများသို့ သင်္ကန်းပရိက္ခရာ လှူဒါန်းခြင်း၊ ဘုရားကိုရေသပ္ပါယ်၍ အမွှေးနံ့သာများ ပက်ဖြန်း လှူဒါန်းပေးခြင်း ပြုလုပ်ပေးပါက အဆိုးများပျောက်၍ အကောင်းများ ရောက်လာပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org