|
မိမိ၏
ကျားကုတ်ကျားခဲ ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်ရလဒ်များ
ရရှိခံစားရပါတော့မည်။ အလုပ်အကိုင်၊ အိုးအိမ်အပြောင်းအရွှေ့များနေမည့်
ကာလဖြစ်မည်။ အလုပ်မရှိသေးသူများ အလုပ်ရရှိပြီး အလုပ်ရှိပြီးသူများ
ရာထူးတက်၍ အောင်မြင်မှုရရှိမည်။ ကိုယ်ပိုင်လုပ်ငန်းသမားများ လုပ်ငန်း
တိုးချဲ့ခြင်း၊ အိုးပိုင်၊ အိမ်ပိုင်များဖြင့်နေရတတ်သည်။
မင်းစိုးရာဇာတို့ရဲ့ ကူညီတောက်ပံ့မှုရပြီး အကြီးအကဲ၊ ဆရာသမားတို့ရဲ့
လေးစားယုံကြည့်မှုကို ရရှိမည်ဖြစ်သည်။ အခွင့်အရေးကောင်းများ
ရရှိနေတတ်ပြီး ဂုဏ်ကျက်သရေမင်္ဂလာ တိုးတက်နေမည်ဖြစ်သည်။
အလုပ်အကိုင်နှင့်ပတ်သက်၍ ရာထူးတက် ၀င်ငွေတိုးမည်။ စိတ်ချမ်းသာ
ပျော်ရွှင် ချမ်းမြေ့မည်။ ညီငယ်ညီမငယ်၊ သားသမီး လက်အောက်ငယ်သားများ
ပညာရေးကံကောင်း မည်။ သူတို့အတွက် စိတ်ချမ်းသာရမည်။
မျက်နှာပွင့်လန်းမည်။ အလုပ်အကိုင်တွင် ချောင်ထိုးခံ၊ အပြောခံရပါကလည်း
သီးခံပါ။ အခွင့်အရေးကောင်းများ မကြာမီရရှိမှာ ဖြစ်ပါသည်။ တရားထိုင် ပါက
ထူးခြားမှုများရရှိမည်။
လုပ်ငန်းအကြံအစည်များဟာ မျှော်လင့်ထားတာထက် ပို၍ အောင်မြင်မည်။
မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ရမည်။ တပည့်လက်သားတို့ရဲ့ အကူအညီရပြီး
အရောင်း အဝယ်လုပ်ငန်းများ ကောင်းနေမည်။ အလုပ်တွေအများကြီး လုပ်ဖြစ်ပြီး
လုပ်ချင်တဲ့အလုပ်တွေ ကိုလည်း လုပ်နေရမယ်။ ထူးခြားတဲ့တာဝန်ပေးခြင်း
ခံရမယ်။ စီးပွားဖြစ်မယ်။ အစားအသောက် ကောင်းများ စားရမယ်။
အ၀တ်အစားကောင်း ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ လက်ဆောင်ရ မည်။
ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး အကျိုးပေးမည်။ ဘာသာရေးနှင့်ပတ်သက်သော အလှူ
အတန်း လုပ်ရတတ်သည်။ မည်မျှပင် စီးပွားရေးအောင်မြင်နေပါစေ
ထင်ရာမလုပ်မိစေရန် အသွားအလာအနေအထိုင် ဆင်ခြင်ပါ။ ဘေးပတ်ဝန်းကျင်က
အမြင်ကတ်တတ်သည်။
ကျန်းမာရေးတရှောင်ရှောင်ဖြင့် ချူခြာနေတတ်သည်။ အထူးသဖြင့် လေထိုးလေ
အောင့်၊ ၀မ်းဗိုက်ရောဂါ ဖြစ်တတ်ပြီး ပေါ့ဆမှုကြောင့် ခွဲစိတ်ရသည်အထိ
ဖြစ်တတ်သည်။
ယတြာ။
။
ဘုရားကို
ရေသပ္ပါယ်ခြင်း၊ သောက်တော်ရေ၊ ဆွမ်းတော်ကပ်၊ ဆီးမီးပူဇော် ပြီး
လိုရာဆုတောင်းပါက ပြည့်ဝပါမည်။ |