Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဧပြီ

 

 

ယခုလတွင်း အိမ်မြဲ၊ ငွေမြဲနေမည်။ ၀င်လာသည့် ငွေများကလည်း သုံးစရာ မရှိသလောက် ပိုလျှံ စုဆောင်းရမိလိမ့်မည်။ သားသမီး၊ ညီငယ်/မငယ်၊ တူ/မတို့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ပြည့်ပြည့်စုံစုံ ဖန်တီးပေး နိုင်လို့ စိတ်ချမ်းသာပျော်ရွှင်ရမည်။ ရပ်ဝေးမှ ဧည့်သည်ကောင်းများ အမြဲ မပြတ် လာနေတတ်လို့ ပျော်ရွှင်စိတ်ချမ်းသာဖွယ်နှင့် သိုက်သိုက်ဝန်းဝန်း နေရထိုင်ရမည်။ မင်းစိုးရာဇာ၊ ဆရာသမား၊ အထက်လူကြီးတို့ရဲ့ ချစ်ခင်လေးစားမှု၊ ကူညီမ,စမှု ရရှိမယ်။

သားသမီးများကိစ္စနှင့်ပတ်သက်၍ တစိမ်းတရံများနှင့် စကားအချေအတင် ငြင်းခုံရ တတ်သည်။ ကိုယ်တိုင်လည်း ပညာရေးကံကောင်းနေလို့ အလုပ်စာမေးပွဲအင်တာဗျူး အောင်ခြင်း၊ ပညာရပ်ဆိုင်ရာများ တတ်မြောက်အောင်မြင်ခြင်း ရရှိလိမ့်မည်။ ကိုယ့်လုပ်ရပ်၊ အနေအထိုင်ကို ချီးကျူးဂုဏ်ပြုလို့ နာမည်ကောင်းရနေမယ်။ မိမိကူညီဆောင်ရွက်ပေးလိုက်သူ များရဲ့ အောင်မြင်မှုများအတွက် စိတ်ချမ်းသာပီတိဖြစ်ရမည်။ ခရီးသွားနေသူ မိသားစုဝင်တဦး ပြန်လည်ရောက်ရှိလာမယ်။

မနာလို၊ ရန်လိုနေသူများ ဘယ်လောက်ပင် တိုက်နေကြပါစေ၊ ရန်သူကို အောင်မြင် မယ်။ သူများကိစ္စ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးရင်း ကိုယ်တိုင်လည်း အကျိုးရှိအောင်မြင်မှု ရမယ်။ မိသားစုတွင်းသာမက ပတ်ဝန်းကျင်တွင်လည်း ဂုဏ်ရှိနေမယ်၊ သြဇာရှိမယ်။

အိမ်ထောင်သည်တို့ရဲ့ ဇနီး၊ ခင်ပွန်း (သို့မဟုတ်) ချစ်သူရည်းစားတို့ ဆိုင်ကယ်၊ ကား၊ ရထား၊ ယဉ်ရထား အက်ဆီးဒင့်ဖြစ်တတ်သည်။ ကိုယ်တိုင်လဲ အက်ဆီးဒင့်တိုက်ခိုက်မှုများတွင် ပါဝင်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိတတ်သည်။ ထိပ်ပေါက်၊ ခေါင်းကွဲမှအစ ဒဏ်ရာအကြီးအ သေး၊ အနဲအများ သွေးထွက်သံယို ဖြစ်တတ်သည်။

ယတြာ။              ။ ခြေသည်း၊ လက်သည်းနှင့် ဖြတ်ထားသော ဆံပင်အမွှေးအမျှင်တို့ကို မိမိအ၀တ်အစားဟောင်းဖြင့် ထုပ်၍ စီးနေသောရေတွင် မျှောလိုက်ပါက အဆိုးများပျောက်၍ အကောင်းများ ရရှိလာပါမည်။

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org