|
စိတ်ချမ်းသာမဲ့
သတင်းစကားကြားရမည်။ မိတ်ဆွေထံ တောင်းထားတဲ့ အကူအညီရမည်။
ခရီးစတင်ထွက်ရလိမ့်မည်။ ချစ်သူနှင့် မိဘဆွေမျိုး အသိုင်းအဝိုင်းကြား
သဘောထားကွဲလွဲနေမှုအတွက် စိတ်ညစ်ပူပန်နေရ မယ်။ လုပ်လိုက်ရတဲ့
အရောင်းအ၀ယ်အတွက် ငွေကြေးအဆင်ပြေမယ်။ ဝင်ငွေကောင်းမယ်။
ညီငယ်/မငယ်၊
သားသမီးတို့ကြောင့် ငွေကုန်ကြေးကျများမယ်။ အနီးကပ်ရန်သူရဲ့ ချောင်းပြီး
ဒုက္ခပေးတာခံရမယ်။ ဘုန်းတန်ခိုးကြီးလာပြီး ငွေများများ ၀င်မယ်။
လုပ်ထားတဲ့ စီးပွားရေးတွေ ပုံပေါ်လာလိမ့်မယ်။ ရည်မှန်းထားတဲ့ အလုပ်တွေ
အောင်မြင်လာလိမ့်မယ်။ တန်ဘိုးကြီးတဲ့ ပစ္စည်းဝင်လိမ့်မယ်။
ဆွေမျိုးသားချင်းတို့ရဲ့ ချစ်ခင်မှုကို ခံရမယ်။ စီးပွားရေး၊
ငွေကြေးအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ အတိုက်အခံများနှင့်လည်း
ကြုံတွေ့နေရမည်။ ကိုယ့်ထက်နိမ့်ကျသော သူများကို အကူအညီပေးရမယ်။
လုပ်ငန်းများလုပ်သမျှ အဆင်ပြေနေ မယ်။ ညီငယ်/မငယ်၊ သားသမီးတို့ရဲ့
ပညာရေးနဲ့ပတ်သက်လို့ ရည်မှန်းချက် အောင်မြင်မယ်။ စိတ်ချမ်းသာရမယ်။
ကံကောင်းပြီး ငွေ အစုလိုက်အပုံလိုက် ရကိန်းရှိ၍ ၂၊ ၄ ဂဏန်းပါသော
ထီထိုးပါ။ ထီပေါက်ကိန်းတွေ၊ အမွေရကိန်းတွေ ရှိသည်။
အတူနေမိသားစုအတွင်း ကျန်းမာရေးချို့တဲ့လို့ အလုပ်ရှုပ်နေရလိမ့်မည်။
အချစ်ရေး ညံ့နေသည်။ ချစ်သူရည်းစား၊ အိမ်သူသက်ထားတို့နှင့်
စကားများရန်ဖြစ်ပြီး လမ်းခွဲရတတ်သည်။ အပေါင်းအသင်းမှားတတ်သည်။
အပေါင်းအသင်းကြောင့် ဂုဏ်သိက္ခာကျ၊ နာမည်ပျက်တတ် သည်။ သူတို့အတွက်
အထက်လူကြီးတို့ရဲ့ ငြိုငြင်မှုပင် ခံရတတ်သည်။
ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများနေမယ်။
အအေးမိ၊ အအေးပတ်ခြင်း ဖြစ်တတ်သည်။ ကျောက်ကပ်၊ ဆီးရောဂါ ဒုက္ခပေးမည်။
ခေါင်းကိုက်၊ ဇက်ကြောတတ် စသည် ဖြင့် အာရုံကြောရောဂါများ မကြာခဏ
ဒုက္ခပေးနေမည်။ ပန်းညှိုး၊ ပန်းသေ၊ အကြောသေခြင်းမှ အစ လေငန်း၊
လေဖြတ်ဖြစ်တတ်သဖြင့် အနေအထိုင်၊ အစားအသောက် ဆင်ခြင်ပါ။
ယတြာ။
။
ရဟန်းသံဃာများကို ယပ်တောင်လှူဒါန်း၍ ကလေးသူငယ်များအား မုန့်
ဝေငှကျွေးမွေးပေးပါက ကောင်းကျိုးချမ်းသာ တိုးပွားရရှိလာပါမည်။ |