Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ဗေဒင်

 

၂၀၀၈၊ ဧပြီ

 

 

မိမိရည်မှန်းချက် စိတ်ကူးဖြင့် ကြိုးစားလုပ်ကိုင်သော လုပ်ငန်းများ အောင်မြင် မည်။ ခရီးသွားဖို့ စိတ်ကူးရှိပါက အဆင်ပြေပြေနှင့် အောင်မြင်သော နိုင်ငံရပ်ခြား ခရီးဝေး သွားရလိမ့်မည်။ ဆန့်ကျင်ဘက်လိင်တို့၏ စိတ်ဝင်စားမှု၊ အရေးပေးမှု ခံရတတ်၍ မိတ်ဆွေသစ်၊ ချစ်သူအသစ် ရရှိလိမ့်မည်။ မိတ်ဆွေသူငယ်ချင်း အချင်းချင်း တစ်ယောက်နဲ့တယောက် လွန်လွန်ကျူးကျူး ပြောဆိုမိလို့ အကြီးအကျယ် စကားများရန်ဖြစ်တတ်သည်ကို သတိပြုပါ။

အဘိုးတန်ပစ္စည်း၊ အ၀တ်အစား အသစ်လက်ဆောင်ရမည်။ ဤလအတွင်း ကံကြမ္မာ ကောင်းများ၊ အခွင့်အရေးကောင်းများ (၂)ကြိမ် (၂)ခါ ရတတ်သည်ကို ဆင်ခြင်သတိပြု၍ အမိအရ ရယူနိုင်ပါစေ။ အလုပ်ထဲတွင်လည်း မိမိအား အကျိုးပြုကူညီမဲ့ မိတ်ဆွေကောင်းများနဲ့ အတူ လက်တွဲလုပ်ရလို့ စိတ်ချမ်းသာပျော်ရွှင်မယ်။ ငွေရွှင်နေလို့လည်း အိမ်တွင်းရေးနဲ့ ပတ်သက်လို့ စိတ်ချမ်းသာနေရမယ်။ တပည့်လက်သားနဲ့ လုပ်ဖေါ်ကိုင်ဖက်တို့ရဲ့ အကူအညီနဲ့ စီးပွားဖြစ်မယ်။

ညီငယ်/မငယ်၊ သားသမီးတို့ရဲ့ ပညာရေးကောင်းလို့ စိတ်ချမ်းသာ မျက်နှာပွင့်လန်း မယ်။ ကိုယ်တိုင်လည်း ပညာရေးအခွင့်အရေးကောင်းများရလို့ အတတ်ပညာတခုပြီးတခု သင်ကြားတတ်မြောက် အောင်မြင်နေမယ်။ ဘာသာတရားကိုင်းရှိုင်းပြီး တရားထိုင်ပါက ထူးခြား သော အောင်မြင်မှုများ ရရှိမယ်။ ရာထူးတိုးခြင်း၊ လစာတိုးခြင်း ရရှိမယ်။ လုပ်ငန်းခွင်တွင် လက်အောက်ငယ်သား၊ လုပ်ဖေါ်ကိုင်ဖက်၊ အထက်လူကြီးအားလုံးတို့၏ ချစ်ခင်လေးစားမှု ရရှိ မယ်။ စိတ်ကြည်နူးဖွယ် ဘာသာရေးအလှူအတန်း လုပ်ဆောင်ရတတ်သည်။

ဆီးရောဂါဖြစ်ခြင်း၊ လိင်အင်္ဂါတွင် ရောဂါဖြစ်ခြင်းနှင့် ကာမလွန်ကြူးသော ရောဂါများ ဖြစ်တတ်သည်။

ယတြာ။              ။ မရှိနွမ်းပါးသူများအား မိမိ၏အ၀တ်အစားဟောင်းများ စင်ကြယ်စွာ လျှော် ဖွတ်ပြီး လှူဒါန်းပေးလိုက်ပါက လူချစ်လူခင်ပေါများ၍ အောင်မြင်မှုများ ရရှိလာပါမည်။ 

 

 

 
 

ဗေဒင် အစစာမျက်နှာသို့ ...

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org