|

ကောင်းသော အိမ်နေရာ၊
အလုပ်အကိုင် အပြောင်းအရွှေ့ရှိသည်။ ဖုံးကွယ်နေသော မိမိ၏
အရည်အချင်းများကို ထုတ်ဖော်ပြသနိုင်မည်။ လူမှန်နေရာမှန်တွင်
လုပ်ကိုင်ခွင့်ရမည်။ အတတ်ပညာတခု သင်ကြား တတ်မြောက်ပြီး အတတ်ပညာနှင့်
အသက်မွေးဝမ်းကြောင်း ပြုရ မည်။
မင်းစိုးရာဇာ၊
အထက်လူကြီးတို့၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရမည်။ မိသားစု၊
ဆွေမျိုးသားချင်းများနှင့် ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်း
နေထိုင်ရမည်။
စီးပွားရေး၊ လူမှုရေး
အောင်မြင်နေသလောက် ကျန်းမာရေး အညံ့ရှိသည်။ ပင်ပန်း နွမ်းနယ်ခြင်း၊
အားအင်ကုန်ခန်းနေခြင်း၊ မောပန်းခြင်းဝေဒနမျာား မကြာခဏ ခံစားနေရတတ်၍
အနားယူသင့်သည်။ အလုပ်ပင်ပန်း၊ စိတ်ဖိစီးမှုကြောင့် ခေါင်းမူး၊
ခေါင်းကိုက်ခြင်းဝေဒနာများ ခံစားရတတ်သည်။
ယတြာ။
။ အုန်းညွန့် (၃) ညွန့်၊ ရွက်လှ (၄) ညွန့်၊ ကန့်ကော် (၂)ညွန့်တို့ကို
အိမ်ရှိ ဘုရားတွင် ဆက်ကပ်ပေးပါ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး
အထူးကောင်းမွန်ပါမည်။ |