|

ပတ်ဝန်းကျင်၏ အထင်သေးမှု၊
အထင်အမြင်လွဲမှားနေမှုများသည် သင်္ကြန်ရေနှင့် ဆေးကြောပစ်လိုက်သလို
ပျောက်ပျက်သွားပြီး နှစ်သစ်တွင် ဘ၀တိုးတက်မှုအခွင့်အလန်းကောင်းများနှင့်
ကြုံတွေ့ရမည်။ လင်မယား (သို့မဟုတ်) ချစ်သူနှစ်ဦး အတူလက်တွဲ၍
စီးပွားရေးလုပ်ငန်း လုပ်ကိုင်အောင်မြင်မည်။ ပတ်ဝန်းကျင်၏
သွားပုတ်လေလွင့်ပြောဆိုမှုကို ကြံ့ကြံ့ခံနိုင်ရမည်။
အလုပ်အကိုင်များ
ပင်ပန်းသလောက် အကျိုးခံစားခွင့်မရှိ ဖြစ်နေမည်။ မိတ်ဆွေ
အပေါင်းအသင်းများနှင့်အတူ ခရီးဝေးသွားရမည်။ လုပ်ငန်းခွင်အတွင်း
အထက်လူကြီးများနှင့် စကားများရမည်။ မိမိက အမှန်တရားဘက်တွင်
ရှိနေသော်လည်း အများနှင့်မို့ အရှုံးနှင့် ရင်ဆိုင်နေရမည်။
မင်းစိုးရာဇာတို့နှင့် အမှုရင်ဆိုင်ဖြေရှင်းရတတ်သည်။
စက်မှုလက်မှုအတတ်ပညာ
သင်ကြားတတ်မြောက်ဖို့ အခွင့်အလန်းကောင်းများ ကြုံတွေ့ရမည်။
ဝမ်းဗိုက်နှင့် ပတ်သက်သော ရောဂါ၊ လေထိုးလေအောင့်ရောဂါများ ဖြစ်တတ် သည်။
အစာအဆိပ်သင့်ခြင်း ဖြစ်တတ်သည်ကို ဂရုစိုက်ပါ။
ယတြာ။
။ မွေးနေ့နံနက်စောစော အိမ်ရှိဘုရားတွင် လ္ဘက်နှင့် ဆွမ်းတော်ကပ်ပြီး
“၀ိဇ္ဇာစရဏ၊
သမ္ပန္နော”
ဂုဏ်တော်ဖြင့် ပုတီး(၈)ပတ်စိပ်ပါက အဆိုးများပျောက်၍ အကောင်းများ
ရောက်လာပါလိမ့်မည်။ |