|

ဟိုဟာလုပ်ရမလို၊
ဒီဟာလုပ်ရမလို ယောင်ချာချာဖြစ်နေတတ်သည်။ လျှို့ဝှက်လွန်းသဖြင့်
အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးရတတ် သည်။ စနေသားသမီးတို့နှင့် တွဲ၍
စီးပွားရေးမလုပ်ရ၊ အကြီးအကျယ် ဆုံးရှုံးရမည်။ ဗုဒ္ဓဟူးသားသမီးတို့နှင့်
မကြာခဏ စကားများရန်ဖြစ် နေရတတ်သည်။ တနင်္ဂနွေသားသမီး၊ အင်္ဂါသားသမီးတို့၏
ကူညီ စောင့်ရှောက်မှု ခံရမည်။ စီးပွားရေး တွဲလုပ်ပါကလည်း အလွန်
အကျိုးပေးသည်။
စပယ်ပန်း၊ ဇွန်ပန်းတို့သည် အကောင်းဆုံး အဆောင်လာဘ်ပွင့်စေ၍
ဘုရားတွင် မပြတ်လှူဒါန်းသလို၊ နေအိမ်ဧည့်ခန်းတွင် မပြတ်ထားသင့်သည်။
ညီငယ်ညီမငယ်၊ လက်အောက် ငယ်သားတို့၏ ဒုက္ခပေးခြင်း ခံရတတ်သည်။
သူတို့အတွက် ငွေးကြေးအကုန်အကျ များတတ် သည်။
ချစ်သူနှင့် အထင်အမြင်လွဲ၍
ခွဲခွာရတတ်သည်။ အချစ်ရေး ညံ့သည်။ စနေသားသမီး တဦးထံ ငွေချေးမိပါက
ပြန်မရဘဲ ကြွေးဆုံးဖြစ်တတ်သည် (သို့မဟုတ်) ငွေအလိမ်ခံရတတ် သည်။
အစာမှား၊ ဆေးမှား
စားမိသောက်မိ၍ ဆေးရုံတက်ရတတ်သည်။ ဆွေမျိုးထဲမှ စနေ သားသမီးတဦး၏
နာရေးအမင်္ဂလာ သတင်းကြားရတတ်သည်။
ယတြာ။
။ လူကြီးတဦးအား ဦးထုတ်အသစ်တလုံး ၀ယ်ပြီး လက်ဆောင်ပေးလိုက်ပါ။
ကောင်းကျိုးချမ်း သာ ခံစားရပါမည်။ |