|

အလုပ်အကိုင် ၀င်ငွေကောင်းသလို အိုးသစ်အိမ်သစ်နှင့် နေရမည်။
ပင်ကိုယ်သဘာဝအရ လောဘစိတ် နဲပါးကာ အေးအေးချမ်းချမ်း နေလိုသော်လည်း
မိသားစု၊ သားသမီး၊ ညီငယ် ညီငယ်မတို့ ဘ၀တိုးတက်မှုအတွက် ရှေ့ဆောင်လမ်းပြ
လုပ်နေရသည်။ မြန်မာနှစ်သစ်တွင် အခွင့်အလန်းကောင်းများ ပွင့်လန်းမည်။
လူပျို လူလွတ်များ
ချစ်သူရမည်။ အတူနေ မိသားစုနှင့် အပျော်ခရီးထွက်ရမည်။ ကျောင်းဆရာ/
ဆရာမများ မိမိတပည့် သားသမီးတို့၏ အောင်မြင်မှုအတွက် စိတ်ချမ်းသာ
ပီတိဖြစ်မည်။ နာမည်ကောင်းရမည်။
သားသမီး(သို့မဟုတ်)
ညီငယ်ညီမငယ် (သို့မဟုတ်) အတူနေ လက်အောက်ငယ်သား တပည့်
(ဗုဒ္ဓဟူးသား/သမီး)တို့ ကျန်းမာရေး အညံ့ရှိသည်။ နာရေးကြုံရတတ်သည်။
၂၁ နှစ်၊ ၂၉ နှစ်၊ ၃၇
နှစ်အရွယ်ရှိ တနင်္ဂနွေသားသမီးများ မြန်မာနှစ်ဆန်း (၁)ရက် ကျော်ပါက
ပညာရေး၊ စီးပွားရေး၊ လူမှုရေး အထူးးအောင်မြင်ကျော်ကြားမည်။
တိုင်းပြည်သိ၊ ကမ္ဘာသိ နာမည်ကျော် လက်မှတ်ဆုတံဆိပ်များ ရရှိမည်။
စုတ်ကြီး၊ လာဘ်ကြီးဝင်လေ့ရှိသည်။ ၄ နှစ်- ၉ နှစ်အရွယ် တနင်္ဂနွေသား/
သမီးများ ကျန်မာရေးအထူးညံ့၍ နာရေးကြုံရတက်သည်။ လေဖြတ်ခြင်း၊
ကိုယ်တခြမ်းသေခြင်းတို့ ဖြစ်တတ် သည်။
ယတြာ။
။ အ၀တ်အစားဟောင်းတစုံအား စင်ကြယ်စွာ လျှောာ်ဖွတ်ပြီး မရှိဆင်းရဲသား
တဦးအား ပေးကပ် စွန့်ကြဲပါ။ စီးပွားရေးဝင်ငွေတိုးကာ
အောင်မြင်ကျော်ကြားမှု ရရှိခံစားရပါမည်။ |