|

အမှုအခင်းဖြစ်တတ်သလို
ကျန်းမာရေး အညံ့ရှိသည်။ လူပျို၊ အပျိုများ အိမ်ထောင်ရှိတခုလတ်နှင့်
ညားတတ်သည်။ အသက်၂၉ - ၃၀ နှစ်၊ ၃၇ - ၃၈ နှစ် အရွယ်ရှိသူများ
ကားအက်စီးဒင့်၊ ထိခိုက် ဒဏ်ရာရခြင်း စသည်ဖြင့် ကျန်းမာရေး အလွန်ညံ့နေ၍
မဖြစ်မနေ ယတြာချေပါ။ အထူးသဖြင့် သင်္ကြန်ကျော်လျှင် အထူးဂရုစိုက်
သင့်သည်။
မိမိမထင်မှတ်သည့် ကိစ္စကြောင့်
ဂုဏ်သိက္ခာကျ၊ နာမည်ပျက် ဖြစ်တတ်သည်။ ကန့်လန့်တိုက်ခြင်း၊
အရွဲ့တိုက်ခြင်းတို့ကြောင့် ဒုက္ခရောက်တတ်သည်ကို အထူးဆင်ခြင်ပါ။
ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ရပ်တခုကြောင့် ညဘက်အိပ်မပျော်ခြင်း၊
စိတ်ဖိစီးခြင်း စသည့် စိတ်ဝေဒနာ ခံစားရတတ်သည်။ လူကြီးမိဘတို့၏
ကျန်းမာရေးအတွက် ပူပင်သောက ရောက်ရ တတ်ပြီး ကျန်းမာရေးအတွက်
ငွေကြေးအကုန်အကျများမည်။
အိမ်သို့
ဘုရားပင့်ဆောင်ရခြင်း၊ ဘုန်းတော်ကြီး၊ သူတော်စင်တို့ ကြွရောက်လာခြင်း၊
ဘာသာရေး၊ အလှူအတန်းများ လုပ်ရခြင်းများရှိပါက ထီပေါက်ကိန်းရှိသည်။ (၇၊
ဝ၊ ၄၊ ၈) ဂဏန်းတို့ ပါဝင်သော ထီဂဏန်းများ ထိုးပါ။
၄၀ - ၄၁ အရွယ် စနေသားသမီးများ
ကျန်မာရေး အလွန်အညံ့ရှိသည်။ သွေးတိုး၊ နှလုံး ရောဂါတို့ ဒုက္ခပေးတတ်သည်။
ယတြာ။
။ မွေးနေ့တိုင်း ဘုရားစနေဒေါင့်တွင် ရှာမီး (၉) တိုင်
ထွန်းညှိပူဇော်ခြင်း၊ သက်စေ့ ရေသပ္ပါယ်ခြင်း၊ နှင်းဆီ (၃) ပွင့် ၊
ကန့်ကော် (သို့) ခရေ (၂) ပွင့် ဆက်ကပ်ပူဇော်၍ လိုရာဆုတောင်းပါ။ |