|

ဒီရေလှိုင်းကြီးစီးနေရသလို
နိမ့်လိုက်မြင့်လိုက်နှင့် ဘ၀အတက်အကျ ရှိသည်။ ၀န်ထမ်းများ
ကမ်းနားသစ်ပင်လို အစိုးမရ၊ သို့သော် အလုပ် တခု ပြုတ်သွားလို့
စိတ်ဓာတ်မကျပါနဲ့။ ပို၍ကောင်းသော အလုပ် ကောင်းတခုက သင့်ကို
စောင်ကြိုနေပါသည်။ ချစ်သူရည်းစားနှင့် လည်း စကားများလိုက်၊
ပြန်ချော့လိုက် လုပ်နေရမည်။
ဒီလအတွင်း အသုံးစရိတ်
များနေတတ်သော်လည်း သည်ထက်မကသည့် ၀င်ငွေက သင့်ကို စောင့်ကြိုနေပါသည်။
၁၃၆၈ ခုနှစ်အတွင်း စာရင်းချုပ်အရ ၀င်ငွေများစွာရှိနေသော်လည်း
ပစ္စည်းဥစ္စာနှင့် အတတ်ပညာတို့ထဲတွင် အရင်းအနှီး ပြန်ဝင်နေပါသည်။
လက်ကျန်ငွေမရှိ သလောက် ဖြစ်နေသော်လည်း လက်ထဲတွင် ငွေမပြတ်ပါ။
ဆွေမျိုးသားချင်း၊
မိတ်ဆွေသူငယ်ချင်းများထံသို့ ချေးငှားထားသော ငွေကြေး၊ ပစ္စည်း များ
ပြန်မရဖြစ်တတ်သည်။ အထက်လူကြီးတို့၏ ကြည့်ရှုစောင့်ရှောက်မှု ခံရမည်။
ဆွေမျိုးသားချင်းထဲမှ
နာရေးသတင်းကြားရမည် (သို့မဟုတ်) ကိုယ်တိုင်ဦးစီးလုပ်ကိုင်ပေးရသော
နာရေးကြုံကြိုက်မည်။ မိဘ၊ ညီအကိုမောင်နှမများအား ငွေကြေးထောက်ပံ့ရမည်။
အမျိုးသားများ ဒူလာရောဂါနှင့် အမျိုးသမီးများ မီးယပ်ရောဂါ ဖြစ်တတ်သည်။
ယတြာ။
။ ကျီး၊ ခို၊ ကျေးငှက်တို့်အား အစာကြွေးခြင်း၊ ခွေး ကြောင်တို့အား
အစာကျွေး ခြင်းဖြင့် စီးပွားရေး ဝင်ငွေတိုးသလို လူချစ်လူခင်လည်း
ပေါများပါမည်။ |