|

ဘ၀တိုးတက်မှု အပြောင်းအလဲ
ကြုံတွေ့ရမည်။ နိုင်ငံခြားခရီးဝေး သွားရတတ်သည်။ အများအကျိုးအတွက်
ဆောင်ရွက်ရမည်။ တနှစ်လုံး အပင်အပန်းအဆင်းရဲ ခံခဲ့ရသမျှကို
ကောင်းကျိုးခံစားခွင့် ရရှိမည်။ အရှေ့နှင့် အရှေ့တောင်အရပ်သို့
သွားရမည်။ မိသားစု ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ရသည်။
သူငယ်ချင်း၊ မိတ်ဆွေတို့နှင့်
စကားများရန်ဖြစ်ရတတ်သည်။ လင်မယား၊ ချစ်သူ နှစ်ဦးကြား
အထင်အမြင်လွဲမှားအောင် ကြားခြေထိုးတတ်သည်ကို သတိပြုပါ။ ညီအစ်ကို
မောင်နှမများ၏ မင်္ဂလာကောင်းသတင်း ကြားရမည်။ ဆွေမျိုးသားချင်းများထံမှ
အလုပ်အကိုင်၊ ငွေကြေး အကူအညီရမည်။
အဖေ(သို့) ဦးကြီး၊ အကိုကြီး
ကျန်းမာရေအညံ့ရှိသည်။ နာရေးကြုံတွေ့ရတတ်သည်။ လူချစ်လူခင်ပေါများ၍
စန်းပွင့်မည်။ လူပျို၊ အပျိုတို့ ချစ်သူရည်းစားရတတ်သည်။ အိမ်ထောင်
သည်များအတွက် အချစ်ရေး၊ လူမှုရေး အရှုပ်အရှင်းများ သတိထားပါ။
မထင်မှတ်ဘဲ သွေးထွက်သံယို
ဖြစ်တတ်၍ အထူးဂရုစိုက်ပါ။ ရန်ဖြစ်ခြင်း၊ ကားအက်စီးဒင့်ကြောင့်
သွေးထွက်သံယိုဖြစ်ခြင်းများ ဖြစ်တတ်ပါသည်။
ယတြာ။
။ ကောက်ညှင်းမုန့်လုပ်၍သော်လည်းကောင်း၊ ကောင်းညှင်းပေါင်းသော်
လည်းကောင်း ကလေးသူငယ်များအား ဝေငှကျွေးမွေး ဒါနပြုပါ။
လူချစ်လူခင်ပေါပြီး လာဘ်လာဘဝင်ငွေ ပေါများပါမည်။ |