|
မေလအတွက် ထူးခြားချက်
ပြည်သူအများ
သဘာဝဘေးအန္တရာယ်ဆိုးကျရောက်သလို မင်းစိုးရာဇာ အစိုးရတွင် လည်း
တန်ပြန်တော်လှန်မှုများ ကြုံတွေ့ရတတ်သည်။ စစ်ဘက်ဆိုင်ရာ
အရာရှိများအတွင်း အကြီးအကျယ် စိတ်ဝမ်းကွဲမှု ရှိမယ်။
တိုင်းသူပြည်သားများကို စင်္ကြာဝတေးမင်း တနင်္ဂနွေ သားသမီးများက
ကယ်တင်လိမ့်မည်။
ဆန်၊ ဆီ၊
ဆေး၊ ဆား အင်္ဂါနံကုန်ပစ္စည်းများ ရှားပါး၍ အဆမတန်ဈေးတက်မည်။
အင်္ကျီအ၀တ်အစား ပေါများမည်။ အများအကျိုးဆောင်ရွက်နေသော အနုပညာရှင်များ
နာမည် ကောင်း ဆုတံဆိပ်များရမည်။ ကြာသပတေးနံ (ပ၊ ဖ၊ ဘ၊ ဗ၊ မ) ပါသော
မြို့တွင် မီးလောင်မှု ဖြစ်ပွားတတ်သည်။ နဂိုလ်ကထက် အငတ်ဘေးကျရောက်၍
ငွေကြေးများ ရှားပါးလိမ့်မည်။ |