|
ဇူလိုင်လ
(၃၁) နှင့် သြဂုတ်လ (၁) ၏ တွေးစရာမေးစရာများ
ရိုးမမောင်
(၂၀၀၇
ခုနှစ်၊ သြဂုတ်လ ၄ ရက်)
မတ်၊ မေ၊
ဇွန်၊ ဇူလိုင်၊ သြဂုတ် စတဲ့လတွေဟာ (နအဖ)စစ်အစိုးရအဖို့ ဘာတွေများ
ဖြစ်လာမလဲဆိုပြီး စိုးရိမ်ရတဲ့ လတွေဖြစ်ပါသည်။
ဇူလိုင်လ (၃၁) ရက်နေ့က ကြေညာချက် တစ်စောင်ထွက်လာသည်။
ကြေညာချက်အနှစ်ချုပ်က “ပြည်သူ့ဆန္ဒနှင့်ကိုက်ညီပြီး
စစ်မှန်တည်တံ့ခိုင်မြဲသော ဖွဲ့စည်းပုံအခြေခံဥပဒေကို
လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူများကို အမှန်တကယ်
ကိုယ်စားပြုသူများ အဓိက ပါဝင်ရေးဆွဲရမည်။ ၎င်းကိုယ်စားလှယ်များ မပါဝင်ဘဲ
တဖက်သတ်ရေးဆွဲသည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမျှ
လက်ခံနိုင်မည်မဟုတ်ပါ ကြောင်း ကြေညာလိုက်သည်”ဟု ဖေါ်ပြပါရှိပါသည်။
ထို ဇူလိုင်လ (၃၁) ရက်နေ့ကြေညာချက်ကို ‘ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီ ဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ’ က
ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
အစပထမတော့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) က ထုတ်တာလိုလို
သတင်းကြားရသည်။ သေချာဖတ်ကြည့်လိုက်တော့မှ
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) က ထုတ်ခြင်းမဟုတ်သည်ကို
တွေ့ရသည်။
ကြေညာချက်ပါ သဘောထားသည် ပြတ်သားတည်ကြည် မှန်ကန်လှပါသည်။ အငြင်း
ပွားစရာမရှိပါ။
ညောင်နှစ်ပင်မှာရေးရေး၊ တခြား ဘယ်မှာပဲရေးရေး၊
လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူများကို အမှန်တကယ်
ကိုယ်စားပြုသူများ အဓိက ပါဝင်ရေးဆွဲရမည်။ ၎င်းကိုယ်စားလှယ်များမပါဝင်ဘဲ
တဖက်သတ်ရေးဆွဲသည့် မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုမျှ
လက်ခံနိုင်မည်မဟုတ်။
ထူးခြားချက်တစ်ခုမှာ ထိုသတင်းကို မီဒီယာများက ၀တ်ကျေတန်းကျေမျှသာ ဖေါ်ပြ
ခြင်းပင်ဖြစ်သည်။
ဒီမှာတင် မေးစရာတွေက အလျိုအလျိုပေါ်လာတော့သည်။ သို့လောသို့လော တွေးစရာ
တွေကလည်း ရှိလာတော့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) အနေဖြင့် ဘာလို့ မကြေညာနိုင်ရ
တာလဲ။
ဒီကြေညာချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ထဲက ဘယ်သူ
တွေပဲ ပါဝင်သလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဘယ်လိုသဘောထားပါသလဲ။
အခြားလူတွေက ဘာကြောင့်မပါဝင်တာလဲ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဆိုတာမှာရော အရေအတွက် အဘယ်မျှလောက်
ပါဝင်ပါသလဲ။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ထဲမှာ ဘာတွေဖြစ်နေပြီလဲ။
ညီညွတ်ရေးနဲ့ လက်တွေ့အလုပ်ဖြစ်ရေး ဘယ်ဟာကို ဦးစားပေးမလဲ။
လက်တွေ့ ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ။
(နအဖ)စစ်စိုးရက ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) ကို
ဖျက်သိမ်းခိုင်း နေတာပဲ မဟုတ်ပါလား။
စသဖြင့် တွေးစရာ မေးစရာတွေနဲ့ ‘ဇူလိုင်လ’သည် ‘သြဂုတ်လ’ သို့
လက်ပြောင်းပေး လိုက်ပါတော့သည်။
သြဂုတ်လ (၁) ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်းထံ လိပ်မူထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦး
လက်မှတ်ရေးထိုး ထားသည့် ပန်ကြားလွှာတစ်စောင် ထွက်လာသည်။
ပန်ကြားလွှာ၏ အနှစ်ချုပ်မှာ အတွင်းရေးမှူးချုပ်၏ ဇူလိုင်လ (၁၈) ရက်နေ့
ထုတ်ပြန် ချက်ကို ရည်ညွှန်းဖေါ်ပြထားပြီး၊ အတွင်းရေးမှူးချုပ်နှင့်
ကုလသမဂ္ဂက ကြားဝင်ဖြန်ဖြေပေးရန် ဖြစ်သည်။ ထိုအထဲတွင် လုပ်ငန်းစဉ်အဆင့်
(၇)ဆင့် ဖေါ်ပြထားသည်။
လုပ်ငန်းစဉ်အနှစ်ချုပ်သဘောမှာ ညောင်နှစ်ပင်က ရရှိလာမည့် အခြေခံဥပဒေကို
(နအဖ)စစ်အစိုးရ၏ အဆိုပြုချက်တစ်ရပ်အဖြစ် သဘောထားပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်
(နအဖ)စစ်အစိုးရတို့အကြား အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေး အရ
တွေ့ဆုံဆွေးနွေးကြရန်ဖြစ်သည်။
ယခု သြဂုတ်လ (၁) ရက်နေ့ ပန်ကြားလွှာတွင် ဇူလိုင်လ (၃၁) ရက် ကြေညာချက်က
ထားရှိခဲ့သော မေးစရာတွေးစရာတွေအတွက် အဖြေတချို့ပါလာသည်ကို တွေ့ရပါသည်။
ထို့အပြင် မေးစရာတွေးစရာအသစ်များလည်း ထုံးစံအတိုင်း ပါရှိလာခဲ့ပါသည်။
ထိုပန်ကြားလွှာတွင် လက်မှတ်ရေးထိုးကြသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အများစု ဖြစ်ပါသည်။ စုစုပေါင်း
(၈၃)ဦး ပါရှိပါသည်။
ထိုအထဲအတွင် မကြာခင်ကမှ နယ်စပ်ဒေသသို့ရောက်ရှိလာသော ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မွန်ပြည်နယ်၊ သထုံမြို့နယ်
အမှတ်(၁)မဲဆန္ဒနယ်မှ ခွန်မြင့်ထွန်းနှင့် မကြာခင်က ကွယ်လွန်သွားသည့်
သခင်ခင်ညွန့်တို့ ပါဝင်နေသည်ကို သတိပြုမိပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင် (၂)ဦးအဖြစ်
ဦးထောင်ခိုထန်းနှင့် ဦးသိန်းဖေတို့ကိုလည်း တွေ့ရပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်
ကိုလည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အတွင်းရေးမှူးအဖြစ်
ပါဝင်လက်မှတ်ရေးထိုးထား သည်ကို တွေ့ရပါသည်။
ထိုပန်ကြားလွှာတွင် ပါဝင်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို
စီစစ်ကြည့်ရာတွင် အောက်ဖေါ်ပြ နိုင်ငံရေးပါတီများမှ
ဖြစ်ကြောင်းတွေ့ရှိရပါသည်။
|
|
|
နိုင်ငံရေးပါတီများ
|
လွှတ်တော်ကိုယ်စားလှယ် အရေအတွက် |
|
၁။ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) |
၈၃ |
ဦး |
|
၂။ |
ဇိုမီးအမျိုးသားကွန်ဂရက်
(ZNC) |
၁ |
ဦး |
|
၃။ |
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့
(MNDF) |
၁ |
ဦး |
|
၎။ |
ဒီမိုကရေစီပါတီ
(DP) |
၁ |
ဦး |
|
၅။ |
အမျိုးသားဒီမိုကရေစီပါတီ
(PND) |
၁ |
ဦး |
|
၆။ |
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်
(ALD) |
၂ |
ဦး |
|
၇။ |
ကယန်းအမျိုးသားများစည်းလုံးညီညွှတ်ရေး
ဒီမိုကရေစီအဖွဲ့ (DOKNU) |
၁ |
ဦး |
|
၈။ |
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)
|
၂ |
ဦး |
|
---------------------------------------------------------------------------------------------------------- |
|
|
|
စုစုပေါင်း |
၉၂ |
ဦး |
ထူးခြားသည်မှာအဆိုပါလက်မှတ်ရေးထိုးသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦး၏စာရင်းတွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ
ကိုယ်စားလှယ်များ မပါရှိ ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
တာဝန်ရှိသူများလည်း ပါဝင်သည်ကို မတွေ့ရခြင်းပင် ဖြစ်သည်။ ဤတွင် တွေးစရာ
မေးစရာအသစ်များ အစပြုပါတော့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPP) အခြေအနေ ဘယ်လိုရှိပါသလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစု ပါဝင် နေမှုအပေါ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က ဘယ်လိုများ သဘောထား
မှာပါလိမ့်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦးက ဘန်ကီမွန်းထံ ပေးပို့သော
ပန်ကြားလွှာ အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့
ဘယ်လိုသဘောထားမှာလဲ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အာဂျာဒါထဲသို့ပင် ရောက်ခဲ့ပြီးပြီ။
မည်သို့မျှ မထူးခြားခဲ့။ (နအဖ)စစ်အစိုးရသည် ‘င့ါလှေငါထိုး
ပဲခူးရောက်ရောက်မူ’ ဖြင့် တဖက်သတ် ထင်ရာစိုင်းနေဆဲ ပင် ဖြစ်သည်။
မကြာခင်က ‘ပြုမယ်ပြင်မယ်’ဆိုတဲ့ ဗိုလ်သိန်းစိန် ပြောကြားချက်အပေါ်
ယဉ်ခဲ့မိသော စိတ်ကူးကလေးပင် တရေးနိုးခဲ့တာ ဘာကြာသေးလို့လဲ။
အကယ်၍ ယခင့်ယခင်ကာလများက ကဲ့သို့ပင် ကမ်းလှမ်းချက်မှန်သမျှအပေါ်
(နအဖ)စစ်အစိုးရက မည်သို့မျှ တုန့်ပြန်ချက်ပေးမလာလျှင် ဘာများ
ဆက်လုပ်ကြမှာပါလိမ့်။
ဇူလိုင် (၃၁) ရက်၊ ကြေညာချက်ပါ သဘောထားသည် ပြတ်သားတည်ကြည် မှန်ကန်
လှပါသည်။ အငြင်းပွားစရာမရှိပါ။ အဟောတ၀ ကောင်းလေစွ။
သြဂုတ်လ (၁) ရက်နေ့ ပန်ကြားလွှာသည်လည်း ကောင်းပါသည်။
မစ္စတာဘန်ကီမွန်း၏ ကြိုးပမ်းမှုကိုလည်း သံသယမရှိပါ။
(နအဖ)စစ်အစိုးရနှင့် ကျွန်တော်တို့ ရင်ဆိုင်နေခဲ့တာလည်း အနှစ် (၂၀)
ပြည့်ပါတော့ မည်။ (နအဖ)စစ်အစိုးရ၏ ခေါင်းမာမိုက်မဲမှုအပေါ်တွင်လည်း
သံသယမရှိပါ။
၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်အပေါ် ပြတ်သားစွာ ရပ်တည်ဆောင်ရွက်နေကြသော
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်း လေးစားယုံကြည်လျက်ပါ။
(မဆလ)တစ်ပါတီ အာဏာရှင်စနစ်ကို လွန်ခဲ့သောအနှစ် (၂၀) ခန့်က သြဂုတ်လ၌
“၈၈’ဒီမိုကရေစီ လူထုအုံကြွမှုကြီး” ဖြင့် ဖြိုချနိုင်ခဲ့ကြလေသည်။
x x x x x |