|
‘ထိုအချိန်’အထိ ထိုင်စောင့်နေ၍မဖြစ်ပါ
ရိုးမမောင်
(၂၀၀၇ ခုနှစ်၊ ဇွန်လ
၂၅ ရက်)
ဇွန်လ ၂၅ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာထဲတွင်
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည့် (နအဖ)အတွင်းရေးမှူး (၁)
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်၏ အမှာစကားကို ဖော်ပြထားသည်။
ယင်းအစည်းအဝေးက ထူးခြားသည်။ ထူးခြားသည်ဟုပြောရခြင်းမှာ တက်ရောက် သည့်
ပုဂ္ဂိုလ်များနှင့် အတွင်းရေးမှူး(၁)၏ မှာကြားချက်များကို ကြည့်၍
ထူးခြားသည်ဟု ပြောရခြင်း ဖြစ်ပါသည်။
အစည်းအဝေးသို့ တက်ရောက်သည့် ပုဂ္ဂိုလ်များတွင်
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှေ့နေ ချုပ်၊ ပြည်ထဲရေး ဒုဝန်ကြီး၊
ရဲချုပ်၊ (နအဖ)ကောင်စီရုံးညွှန်ချုပ်၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဌာန
ဆိုင်ရာ အကြီးအကဲများ၊ ရဲအရာအရှိကြီးများ၊ ပြည်နယ်နှင့်တိုင်း
ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေး ကျောင်းများမှ
ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြရသည်။
မှာကြားချက်များတွင်လည်း ညောင်နှစ်ပင်ညီလာခံအဆုံးသတ်ခြင်းမှ အခြေခံဥပဒေ
မူကြမ်းရေးဆွဲရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရေး၊ အခြေခံဥပဒေ
အတည်ဖြစ်လာလျှင် ဥပဒေနှင့်အညီ ရွေးကောက်ပွဲပြုလုပ်ရေး၊
လွှတ်တော်ဖွဲ့စည်းခြင်း၊ အစိုးရဖွဲ့စည်းခြင်း၊ အရပ်သား အစိုးရသို့
အာဏာလွှဲပြောင်းပေးရေးအထိ လုပ်ငန်းအဆင့်ဆင့်ကို ထည့်သွင်းမှာကြားထားသည်။
ထို့အပြင် အနာဂတ်တွင်ပေါ်ထွန်းလာမည့် စည်းကမ်းပြည့်ဝသည့်
ဒီမိုကရေစီ နိုင်ငံတော် သစ်၏ ဖွဲ့စည်းမှုပုံသဏ္ဌာန်ကိုလည်း
‘အထက်ပိုင်းတွင် သမ္မတ၊ ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော် ၃ ရပ်
(ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်)၊
အောက်ပိုင်းတွင် တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့တွင်လည်း
လွှတ်တော်၊ အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသဦးစီးအဖွဲ့များ ရှိလာမည်’ဟု
ဖေါ်ပြ ထားပါသည်။
ထိုသို့ လမ်းပြမြေပုံ (၇)ရပ်အတိုင်း တဆင့်ပြီးတဆင့်
ဆက်လက်ဆောင်ရွက်သွားမည် ဟု ဖေါ်ပြထားသော်လည်း အချိန်ကာလကို
နည်းနည်းကလေးမျှ တိတိကျကျ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်းမရှိပါ။
စစ်တပ်၏ အဓိကတာဝန်နှင့်ပတ်သက်သော ပြောကြားချက်တွင် ‘ထိုအချိန်တွင်
တပ်မတော်သည် မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ အဓိက
ထမ်းဆောင်ရမှာဖြစ်သည့်အတွက် နိုင်ငံတည်ငြိမ်ရေး၊
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများကို အဓိက
တာဝန်ယူလုပ်ဆောင်သွားမည့် ဌာနများသည် အုပ်ချုပ် ရေးအဖွဲ့များနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖြစ်ကြောင်း’ ဟူ၍ ပါရှိပါသည်။
‘ထိုအချိန်’(အရပ်သားအစိုးရသို့ အာဏာာလွှဲပြောင်းပေမည့်အချိန်)၏
ကာလအတိုင်း အတာကို အတိအကျ ဖေါ်ပြထားခြင်းမရှိပါ။ ထိုအချိန်မတိုင်မီအထိ
စစ်တပ်က ဆက်လက် တာဝန်ယူထားမည်မှာ ရှင်းနေပါသည်။
‘ထိုအချိန်’ အထိ အခြေအနေအားလုံးသည် (နအဖ)စစ်အစိုးရ မျှော်လင့်သလို
ဖြစ်လာ နိုင်ပါမည်လား။
(နအဖ)စစ်အစိုးရက ‘ထိုအချိန်’အထိ မျှော်လင့်ထားသလို ဖြစ်ပေါ်လာစေရန်
ပြင်ဆင် နေသည်ကတော့ ထင်ရှားပါသည်။ ခရိုင်အုပ်ချုပ်ရေးအဆင့်အထိ
ပြင်ဆင်ဖွဲ့စည်းပြီးသွားပြီဟု ကြားသိရပါသည်။
ထိုသို့သော
မှာကြားချက်များအပေါ်မှာနေ၍ အောက်ပါ အချက် ၂ ချက်ကို စဉ်းစားမိပါ သည်။ |