Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်းဆောင်းပါး

 

(နအဖ)စစ်အစိုးရနဲ့ ကံတူအကျိုးပေးတွေ

တူမောင်ညို  
(၂၀၀၇ ဇွန်လ ၁၅ ရက်)

(နအဖ)စစ်အစိုးရက သူတို့လုပ်ရပ်မှန်သမျှကို မျက်စိမှိတ်ထောက်ခံလျှင် ဒီချုပ်၊ ဒေါ်စုနှင့် ဒီမိုကရေစီ အင်အားစုများကို ဆန့်ကျင်ပုတ်ခတ်မည်ဆိုလျှင် မည်သူ့ကိုမဆို၊ မည်သည့် အုပ်စုကိုမဆို အားပေးအားမြှောက်ပြုမည်သာဖြစ်သည်။ ပေးကမ်းကျွေးမွေးထားမည်သာဖြစ် သည်။ လိုအပ်သလို အသုံးချသွားမည်သာဖြစ်သည်။

            သို့ဖြင့် ၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ၀ံသာနု (NLD)၊ အလံနီဇာတ်ပျက် ကျောင်းတော်သားစုများ ပေါ်ပေါက်လာပါသည်။ ပေါ်ပေါက်နေလိမ့်ဦးမည်။ ထိုအုပ်စုများက လည်း အပြန်အလှန်ပင် သခင်အားရစေရေး လှုပ်ရှားမှုများ ဖော်ထုတ်လာကြသည်။ လုပ်ဆောင် လာကြသည်။

            ယခု ထိုသို့သော ဇာတ်ပျက်တစ်သိုက်သည် ‘အမျိုးသားနိုင်ငံရေးအင်အားစု ပူးတွဲ လုပ်ငန်းကော်မတီ’ အဖြစ် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသလိုပင် စုဖွဲ့ ထားကြသည်။

            မည်သည့်ခေတ်တွင်မဆို လက်နက်ချအညံ့ခံသူ၊ သစ္စာဖောက်၊ ဘက်ပြောင်း၊ သာကူး ဆိုသူများ ရှိနေမည်သာဖြစ်သည်။ သူတို့သည် လတ်တလော စားသာမည့်ဘက်သို့ ခြံခုန်ကြမည် သာဖြစ်သည်။ အလုပ်အကျွေးပြုကြလိမ့်မည်သာ ဖြစ်သည်။ အုပ်စိုးသူများကလည်း လိုအပ်သလို အသုံးချကြမည်သာ ဖြစ်သည်။ အသုံးချလို့ရနေသရွေ့၊ အသုံးချရန် လိုအပ်နေသရွေ့ သူတို့သည် အသုံးဝင်နေမည်သာ ဖြစ်သည်။ တွင်ကျယ်နေလိမ့်မည်သာ ဖြစ်သည်။

            မလိုအပ်တော့သည့် တစ်နေ့သောအခါတွင် ခုံဖိနပ်စုတ်တစ်ရံကဲ့သို့ပင် လွှင့်ပစ်လိုက်ကြ မည်သာဖြစ်သည်။ ထောက်ထားနေကြမည်မဟုတ်။ ဤသည်မှာ လက်နက်ချ အညံ့ခံသူ၊ သစ္စာ ဖောက်၊ ဘက်ပြောင်း၊ သာကူးများ၏ သွားရာလမ်းပင်ဖြစ်သည်။ တခြားလမ်းမရှိ။

            ထိုသို့သော လူစားများတွင် သခင်စိုး၏ ညံ့သည့်အပိုင်း၊ ဖောက်ပြန်သည့်အပိုင်း၊ မှားသည့်အပိုင်းများကို ထူးထူးကဲကဲ ဆက်ခံကြသည့် ‘လေ့လာရေးကျောင်းတော်သားစုများ’ လည်း အပါအ၀င်ဖြစ်သည်။ သူတို့သည် နာမည်အမျိုးမျိုးခံပြီး နေ့စဉ်ထုတ်သတင်းစားများတွင် ဆောင်းပါးများ ရေးသား၍ (နအဖ)စစ်အစိုးရကို အလုပ်ကျွေးပြုနေကြသည်။ သူတို့ခံယူချက်က ‘သင်ဆိုးလျှင် ကျွန်ပ်မဆိုးပါ’ တဲ့။ ဘယ်လောက် ကျွန်ခံထိုက်တဲ့ ခံယူချက်ပါလဲ။

            ထိုသူများထဲတွင် မကြာခင်ကပဲ (နအဖ)စစ်အစိုးရက ချကျွေးထားသော အရိုးအရင်း ကလေးများ (ဂျီအက်စ်အမ်တယ်လီဖုန်း)ကိစ္စ၊ အချင်းချင်း ကတုံးပေါ်ထိပ်ကွက်သဖြင့် စာ တစ်တန် ပေတစ်တန်ရေးပြီး တိုင်ကြ၊ တောကြ၊ ခွက်စောင်းခုတ်ကြသည်ကို ဖတ်လိုက်ရသည်။

            ထို့နောက် ဤသို့ မှတ်ချက်ချမိပါသည်။ ‘အမျိုးသားနိုင်ငံရေးအင်အားစုများ’ ဆိုသည်မှာ ဤကဲ့သို့ပါတကား။ ထို့အပြင် (နအဖ)စစ်အစိုးရသည် ဤသို့သော ‘အမျိုးသားနိုင်ငံရေး အင်အား စုများ’နှင့် လက်တွဲကာ အမျိုးသားနိုင်ငံရေး ဆောင်ရွက်နေရတာပါလားဟု ဖြည့်စွက် မှတ်ချက်ချ မိပါသည်။

            ထိုသူများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရန် အပေါ်ယံဟန်ပြ၀တ်ရုံတစ်ခုခုတော့ ခြုံထားကြရသည်။ သို့ဖြင့် တချို့က

-          ၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ)

-          ၀ံသာနု (NLD)

-          လေ့လာရေးကျောင်းတော်သားအစု

စသဖြင့် အရေခြုံထားကြရသည်။ သူတို့အားလုံးစုပေါင်းပြီး ‘အမျိုးသားနိုင်ငံရေး’ အရေကို စုခြုံ ကြပြန်သည်။ (နအဖ)စစ်အစိုးရလည်း အမျိုးသားနိုင်ငံရေး အရေခြုံထားသည်။ သို့ဖြင့် အမျိုသား နိုင်ငံရေး လုပ်နေသော (နအဖ)စစ်အစိုးရနှင့် ‘အမျိုးသားနိုင်ငံရေး အင်အားစုများ’ ပေါင်းဆုံကြ သည်။ ဤသည်မှာ ကံတူအကျိုးပေးခြင်းသာဖြစ်သည်။

သူတို့သည် မည်သို့သောအရေကိုခြုံ၍ မည်သို့သောအရောင်ကို ပြောင်းပါစေ ဒီချုပ်၊ ဒေါ်စုနှင့် ဒီမိုကရေစီအင်အားစုကို ပုတ်ခတ်ဆန့်ကျင်ပြီး (နအဖ)စစ်အစိုးရနှင့် စစ်အာဏာရှင် စနစ်ကို အလုပ်ကျွေးပြုရသည့်အချက်ကိုကား ဖုံးကွယ်ထားနိုင်စွမ်းမရှိချေ။

သည့်အတွက် သူတို့ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်တလွှားတွင် သတင်းစာ ရှင်းလင်းပွဲများ လုပ်နိုင်နေကြခြင်းဖြစ်သည်။ ကြေညာချက်များ ထုတ်ပြန်နိုင်ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်သံရုံးများ ရှေ့ဆန္ဒပြနိုင်ကြခြင်းဖြစ်သည်။

ထိုသို့သောသူများထဲတွင် တမူထူးစွာ နောက်ထပ်ပေါ်ထွက်လာသူကား ‘ရဲဘော်တင်ရွှေ’ ပင် ဖြစ်သည်။

သူက အခြားသော အရေခြုံများနှင့် စည်းခြားလိုပုံရသည်။ ဘိန်းစားချင်းအတူတူ တလုံး ပိုရှူတာလည်း ဖြစ်နိုင်သည်။ သူက အလံနီဇာတ်ပျက်များလို၊ အေးလွင်တို့လို ဝေ့နေပတ်နေတာ တွေ မလုပ်။ သူက ဗြောင်ကျသည်။ စစ်အစိုးရဘက်ကို ရဲရဲထောက်ခံလိုက်တာ အမှန်အကန်ဆုံးပဲ ဆိုပြီး ရဲရဲဆုံးဖြတ်လိုက်တာဟု ပြောသည်။

သူက (NLD)ကို ၀န်းရံရမယ်ဆိုတဲ့ ဦးတည်ချက်ကို မကြိုက်ဘူးတဲ့။

ဝါရင့်နိုင်ငံရေးသမားကြီးများအုပ်စုမှာလည်း မပါခဲ့ဘူးတဲ့။

သူ့ရဲ့ နိုင်ငံရေးဘ၀မှာ အရင်ကလည်း ဒီလိုလုပ်ခဲ့ဖူးတယ်တဲ့။

ဘယ်လောက်ဗြောင်ကျလိုက်ပါသလဲ။ အေးလွင်တို့နဲ့ကွာသည်။ ‘၈၈ အရေးတော်ပုံ’ကို (နအဖ)စစ်အစိုးရက ‘မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှု’လို့ ခေါ်နေတာ၊ သုံးစွဲနေတာကို ‘၈၈ မျိုးဆက်’လို့ အမည်ခံထားပေမယ့် အေးလွင် ဘာမှမပြောဝံ့ပါဘူး။ ဒီအချက်နဲ့ပဲ အေးလွင်ဟာ ‘၈၈ မျိုးဆက်’ဆိုတာကို အပေါ်ယံအရေခြုံထားခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားမနေဘူးလား။

‘ရဲဘော်တင်ရွှေ’က သူ့ရဲ့နိုင်ငံရေးဘ၀မှာ အရင်ကလည်း ဒီလိုလုပ်ခဲ့ဖူးတယ်ဆိုတာကို အခုလို ရှင်းပြထားပါတယ်။

တချိန်က သူတို့ခေါင်းဆောင် ကွယ်လွန်သူ သခင်ချစ်မောင်(၀ိဓူရ)က အခုလို လမ်းညွှန် ခဲ့တယ်တဲ့။

တပ်မတော်က ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ ကြေညာလိုက်ပြီ၊ အရေးကြီးတာက ဘယ်သူလုပ်လုပ် ဒို့လိုချင်တဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖို့ အဓိကပဲ၊ ဒို့တစ်တွေ ၀ိုင်းဝန်းကြိုဆို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ကြရမယ်’ တဲ့။

ဒီရှင်းပြချက်ကို ရဲဘော်တင်ရွှေ သဘောပေါက်လက်ခံပြီး မြို့ပြန်ရောက်တဲ့အခါ ‘မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အား ကြိုဆိုထောက်ခံရေးကော်မတီ ဖွဲ့စည်းပြီး လှုပ်ရှားခဲ့တယ်’ လို့ ၀န်ခံ ဖေါ်ပြထားပါသည်။

ဘယ်လောက်မူမဲ့တဲ့ နိုင်ငံရေးသမားမျိုးပါလဲခင်ဗျား။

‘အရေးကြီးတာက ဘယ်သူလုပ်လုပ် ဒို့လိုချင်တဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖို့ အဓိက’ တဲ့။

သူတို့ထောက်ခံခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီး ဘယ်လိုဇာတ်သိမ်းမလှဖြစ် သွားခဲ့ပါသလဲ။ ဆိုရှယ်လစ်နိုင်ငံ ထူထောင်နိုင်ခဲ့ပါသလား။ ထိုသို့ ၀န်းရံကြိုဆိုထောက်ခံ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ဘယ်လိုဇာတ်သိမ်းသွားခဲ့ပါသလဲ။

ထိုသူများသည် (၈)လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်လာပြီး (မဆလ)လှေကြီး ရေနစ်လေသောအခါ ဒီမိုကရေစီဘက်သို့ အရှက်မဲ့စွာ ကူးပြောင်းလာခဲ့ကြသည်။ ထိုသူများကို ဒေါက်တာမောင်မောင်က ‘သာကူး’တွေလို့ နာမည်တပ်ခဲ့တာကို ကျွန်တော်တို့ မှတ်မိနေပါသေး သည်။

ယခုလည်း မူမဲ့သော၊ ကျင့်ဝတ်သိက္ခာမဲ့သော၊ ရပ်တည်ချက်မဲ့သော၊ သစ္စာမဲ့သော ‘ရဲဘော်တင်ရွှေ’တို့လို လူများက ‘ဘယ်သူလုပ်လုပ် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အဓိက’ ဆိုတဲ့ လောဂျစ် နဲ့ ‘အမျိုးသားညီလာခံ ကြိုဆိုထောက်ခံရေးအင်အားစု’ကို ဖွဲ့စည်းလိုက်ခြင်းသည် အမျိုးသား နိုင်ငံရေး လုပ်နေပါသည်ဆိုသော (နအဖ)စစ်အစိုးရအတွက် ကံတူအကျိုးပေးတာပဲလို့ ဆိုရမှာပါ။

x x x x x 

 
 
 
 

Archive

 
 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org