Home
English
Burmese
Links
About Us
Feedback
www.yoma3.org
yoma3news
Address
 POBox 176
 Maesot PO, Tak
 63110, Thailand.
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902
သတင်းဆောင်းပါး
ဘယ်သူများဖြစ်လာမလဲ
(အပိုင်း-၂)
တူမောင်ညို
(၂၀၀၇ ခုနှစ်၊ မေ ၆ ရက်)
ဒီနေရာမှာ ၀န်ကြီးချုပ် ဖြစ်လာစရာအလားအလာရှိသူကို “နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ”ဆိုတဲ့ ခေါင်းစဉ်အောက်က ဗိုလ်ချုပ် တွေနဲ့ အစိုးရအဖွဲ့ဝင်တွေထဲကနေ ခန့်မှန်းကြည့်ရအောင်ပါ။ ၀န်ကြီးချုပ် ဖြစ်လာနိုင်သူဟာ ဒီနယ်ပယ်တွေထဲကပဲ ဖြစ်လာနိုင်စရာရှိတယ်လို့ ယူဆပါတယ်။
            ဘယ်သူများဖြစ်လာမလဲ၊ ပထမပိုင်းမှာ အထက်ကအတိုင်း ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဝင်တွေထဲကနဲ့ ပတ်သက်ပြီး သိပ်မလုံလောက်ဘူးလို့ ယူဆထားတာကြောင့် အခု အပိုင်း(၂)မှာ တွေ့ရှိရသမျှ အချက်အလက်အချို့ကို ထပ်မံဖေါ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ကျနော့် ထင်မြင်ယူဆချက်ကို မပြင်ပါဘူး။
            အောက်ဖေါ်ပြပါ ဇယားကို လေ့လာကြည့်ကြပါစို့။
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့
စဉ်
ဝန်ကြီးဌာန
ဝန်ကြီး
ဒုတိယဝန်ကြီး
၁။  ကာကွယ်ရေးဝန်ကြီးဌာန
 ဗခမက သန်းရွှေ
 ဗခကြည်ဝင်း၊  ဗခအေးမြင့်
၂။  ဝန်ကြီးချုပ် ဗခက စိုးဝင်း  
၃။  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဗခ ဌေးဦး ဦးအုန်းမြင့်
၎။  အမှတ် (၁) စက်မှု  ဦးအောင်သောင်း ဗမခ ကျော်ထွန်း
၅။  အမှတ် (၂) စက်မှု  ဗခ စောလွင် ဒဗမက ခင်မောင်ကျာ်
၆။  နိုင်ငံခြားရေး ဦးဉာဏ်ဝင်း ဦးမောင်မြင့်၊ ဦးကျော်သူ
၇။  အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး  တိုးတက်မှု ဦးစိုးသာ ဗမက သူရိန်ဇော်
၈။  ပို့ဆောင်ရေး ဗခ သိန်းဆွေ ဗမကဉာဏ်ထွန်းအောင်
၉။  အလုပ်သမား ဦးသောင်း ဗခ အောင်ကြည်
၁၀။  ပညာရေး ဒေါက်တာ ချမ်းငြိမ်း ဗမခ အောင်မျိုးမင်း၊ ဦးမျိုးညွန့်
၁၁။  စွမ်းအင် ဗမခ လွန်းသီ ဗမခ သန်းဌေး
၁၂။  ရထားပို့ဆောင်ရေး ဗခ အောင်မင်း သူရဦးသောင်းလွင်၊ ဦးဖေသန်း
၁၃။  ကျန်းမာရေး ဒေါက်တာ ကျော်မြင့် ဒေါက်တာ မြဦး၊ ဒေါက်တာ ပိုင်စိုး
၁၄။  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဗမခ တင်နိုင်သိန်း ဗမခ အောင်ထွန်း
၁၅။  ဟိုတယ်နှင့် ခရီးသွားလာရေး ဗခ စိုးနိုင် ဗမခ အေးမြင့်ကြူ
၁၆။  ဘဏ္ဍာရေးနှင့် အခွန် ဗခ လှထွန်း ဗမက လှသိန်းဆွေ
၁၇။  ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဗမခ သိန်းဇော်  
၁၈။  သာသနာရေး ဗမခ သူရမြင့်မောင် ဗမခ သူရအောင်ကို
၁၉။  ဆောက်လုပ်ရေး ဗခ စောထွန်း ဗမခ မြင့်သိန်း၊ ဦးတင့်ဆွေ
၂၀။  သိပ္ပံနှင့် နည်းပညာ ဦးသောင်း ဦးကျော်စိုး
၂၁။  ယဉ်ကျေးမှု ဗခ ခင်အောင်မြင့်  
၂၂။  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဗခမောင်မောင်ဆွေ ဗမခ ဝင်းစိန်
၂၃။  ပြန်ကြားရေး ဗမခ ကျော်ဆန်း  
၂၄။  သမဝါယမဝန်ကြီး ဗခ တင်ထွတ်  
၂၅။  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဗမက သိန်းညွန့် ဗမက တင်ငွေ
၂၆။  အမှတ် (၁) လျှပ်စစ်စွမ်းအား ဗမက ဇော်မင်း ဦးမျိုးမြင့်
၂၇။  အမှတ် (၂) လျှပ်စစ်စွမ်းအား ဗခ ခင်မောင်မြင့်  
၂၈။  အားကစား ဗမခသူရအေးမြင့်  
၂၉။  သစ်တော ဗမခ သိန်းအောင်  
၃၀။  ပြည်ထဲရေး ဗခ မောင်ဦး ဗမခ ဘုန်းဆွေ
၃၁။  သတ္တုတွင်း ဗမခ အုန်းမြင့်  
၃၂။  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဗခ မောင်မောင်ဆွေ ဗမခ ကျော်မြင့်
၃၃။  မွေးမြူရေးနှင့် ရေလုပ်ငန်း ဗမခမောင်မောင်သိမ်း ဦးအောင်သိန်း
၃၄။  တရားသူကြီးချုပ် ဦးအောင်တိုး ဦးသိန်းစိုး
၃၅။  ရှေ့နေချုပ် ဦးအေးမောင် ဒေါက်တာ ထွန်းရှင်၊ ဦးဟန်ရှိန်
၃၆။  စာရင်းစစ်ချုပ် ဗခ လွန်းမောင် ဒေါ်သင်းသင်း
၃၇။  ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းညွန့်  
အထက်ဖေါ်ပြပါ ဇယားက (ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်စီးပွားရေးသတင်းမဂ္ဂဇင်း၊ အမှတ် ၁၃၈၊ ဇန်န၀ါရီလ၊ ၂၀၀၇၊ စာမျက်နှာ ၄၈- ၄၉) မှာ ပါရှိတယ်။ ကျနော့်ထင်မြင်ချက်ဟာ ဒီဇယားကို အဓိကထားပြောမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇယားကို ရှေ့ကနေ စတင်ဖေါ်ပြလိုက် တာ ဖြစ်ပါတယ်။
            ပထမဦးဆုံးတွေ့ရမယ့် မဆီမလျော်တာကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ အထက်မှာ ကာကွယ်ရေး ၀န်ကြီးရှိနေတာနဲ့ ၀န်ကြီးဌာနအားလုံးရဲ့ အထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
            စုစုပေါင်း အစိုးရအဖွဲ့ဝင်ဦးရေ (၆၈)ဦးရှိပါတယ်။
            ဦးသောင်းက အလုပ်သမားဝန်ကြီးဌာနနဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဖြစ်ပါတယ်။
            ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဖြစ်ပါတယ်။
            ဒုတိယ၀န်ကြီးချုပ်နေရာ လစ်လပ်နေပါတယ်။
            ထို့အတူပါပဲ၊ ဒုတိယ၀န်ကြီး လစ်လပ်နေသော ၀န်ကြီးဌာန (၈) ခုလည်းရှိနေပါတယ်။ အဲဒါတွေကတော့ -           
  ၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း
၂။ ယဉ်ကျေးမှု 
၃။ ပြန်ကြားရေး
၎။ သမ၀ါယမ 
၅။ အမှတ်(၂) လျှပ်စစ်စွမ်းအား
၆။ အားကစား  
၇။ သစ်တော 
၈။ သတ္တုတွင်း 
            အမျိုးသမီးကတော့ တကယ့်ကို (၁)ဦးထဲပဲ ပါရှိပါတယ်။ ဒါတောင် ၀န်ကြီးမဟုတ်ပါဘူး။
            ဒါကြောင့် အစိုးရအဖွဲ့ကို ‘ဗိုလ်’ စာရင်း၊ ‘ဦး’ စာရင်းခွဲကြည့်လိုက်မယ်ဆိုရင် -           
            ဗိုလ်ချုပ်မှူးကြီး (၁)၊ ဗိုလ်ချုပ်ကြီး(၁)၊ ဗိုလ်ချုပ်(၁၆)၊ ဗိုလ်မှူးချုပ် (၁၉)၊ ဗိုလ်မှူးကြီး (၆)၊ ဒုတိယဗိုလ်မှူးကြီး(၁)နဲ့ “ဦး” အမည်ခံ (၁၇) [ဒီလို “ဦး” အမည်ခံတွေထဲမှာ ဦးအောင်တိုး၊ ဦးအေးမောင်၊ ဦးဟန်ရှိန် တို့ (၃)ဦးကိုသာ အရပ်သားစစ်စစ်တွေလို့ ပြောနိုင်မှာ ဖြစ်ပါတယ်] ဦး အနက်၊ ကျန်တဲ့ (၁၄)ဦးကတော့ “ဗိုလ်”ကနေ “ဦး” ပြောင်းလာတဲ့သူတွေပါ။ ဒီအထဲက (ဦးသိန်းစိုးကိုလည်း ယခင်က စစ်ဥပဒေချုပ် ဗိုလ်ချုပ်သိန်းစိုးလို့ပဲ ‘ထင်’ ပါတယ်၊ ကျွမ်းကျင် သူများ စိစစ်ကြဖို့ပါ)။ ဒေါက်တာ (၆)ယောက် ပါရှိပါတယ်။           
ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရအဖွဲ့မှာ အရပ်သားစစ်စစ်ပါလို့ ဘုရားစူး ပြောနိုင်မှာကတော့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တဲ့ ဒေါ်သင်းသင်း၊ ဦးအောင်တိုး၊ ဦးအေး မောင်၊ ဦးဟန်ရှိန်တို့နဲ့ ဒေါက်တာ (၆)ဦး ပေါင်းလိုက်ပါမှ စုစုပေါင်း (၁၀)ဦးပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့အများစုကြီးကတော့ ‘ဗိုလ်’တွေနဲ့ ‘ဗိုလ်’ တဖြစ်လဲ ‘ဦး’ တွေပဲ ဖြစ်ပါတယ်။           
            ဒါဟာ အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ အစိုးရအဖွဲ့၊ ဖွဲ့စည်းပုံဖြစ်ပါတယ်။ အကယ် ၍များ ညောင်နှစ်ပင် ဖွဲ့စည်းပုံ အတည်ဖြစ်လာရင် ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာ စဉ်းစား ကြည့်နိုင်ပါတယ်။ 
            ဒီနေရာမှာ အစိုးရအဖွဲ့ဝင်ထဲမှာ မပါဘဲ အတွင်းရေးမှူး (၁) ဖြစ်နေတဲ့ ဒုတိယဗိုလ်ချုပ် ကြီး သိန်းစိန်ကို ကြည့်ပါ။ သူလည်း (တြိဂံဒေသတိုင်း)တိုင်းမှူး၊ အဲဒီကမှတဆင့် အတွင်းရေးမှူး (၂)။ နောက်ဆုံးမှာ အတွင်းရေးမှူး (၁) ဖြစ်လာပါတယ်။ 
            ဒီဖြစ်ရပ်နဲ့ အတွေ့အကြုံကို ကြည့်ပြီး “ဘယ်သူများဖြစ်လာမလဲ” ပထမပိုင်းမှာ “ ဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေးမကောင်းတော့လို့ အနားယူမယ်ဆိုရင် ၀န်ကြီးချုပ်ဖြစ်လာဖို့ အလားအလာရှိသူ နံပါတ်တစ်ဟာ လက်ရှိအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်ပဲလို့ ယူဆပါတယ်”လို့ ဖေါ်ပြခဲ့တာပါ။ 
            ပြီးတော့ ဒီအစိုးရအဖွဲ့ထဲမှာ ယခင်တိုင်းမှူးကနေ ၀န်ကြီးဖြစ်လာသူတွေကို ကြည့်ပါဦး။ ဗိုလ်ချုပ် ဌေးဦး၊ ဗိုလ်ချုပ် စိုးနိုင်၊ ဗိုလ်ချုပ် တင်ထွတ်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် မောင်မောင် မြင့် တို့ဟာ တိုင်းမှူးကနေ ၀န်ကြီးဖြစ်လာသူတွေပါ။           
            တိုင်းမှူးကနေ ကာကွယ်ရေးဝန်ကြီးဌာနခေါင်းစဉ်အောက်မှာ ရောက်သွားတဲ့ တိုင်းမှူး တွေကတော့ ဗိုလ်ချုပ်ရဲမြင့် (စရဖချုပ်) နဲ့ ဗိုလ်ချုပ်မြင့်လှိုင်တို့ပဲ ဖြစ်ပါတယ်။ 
            သူတို့ထက်အရင် ကာကွယ်ရေးဝန်ကြီးဌာနခေါင်းစဉ်မှာ ရောက်သွားသူတွေကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးတို့ပဲ ဖြစ်ပါတယ်။ 
            ကျနော်လေ့လာမိတာကတော့ (ဒကစမှူး)၊ (စကခမှူး)၊ (တပ်မမှူး)၊ (တိုင်းမှူး)အထိ ဘယ်သူတွေ တက်လာခဲ့သလဲ။ စစ်အုပ်စုဟာ သူတို့ရဲ့ သစ္စာခံကျွန်ယုံတွေကို ဒီအ၀န်းအပိုင်းထဲ ကနေ ရွေးချယ်ကြတာဖြစ်ပါတယ်။ တိုင်းမှူးကနေ အစိုးရအဖွဲ့၊ အဖွဲ့ဝင် ၀န်ကြီး ဖြစ်သွားပြီဆိုရင် တက်လမ်းကုန်သွားပြီလို့ ယေဘုယျအားဖြင့် ယူဆရမယ်ထင်တယ်။ ဒီအစိုးရအဖွဲ့ထဲမှာတောင် ပြည်ထဲရေးဝန်ကြီး၊ ကြံ့ဖွံ့ အထွေထွေအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး တို့လို နေရာတွေမှာ စစ်အုပ်စု လက်ရင်းကျွန်ယုံတွေကိုပဲ ပေးအပ်ထားမယ်လို့ ယူဆပါတယ်။ ပြီးတော့ ၀န်ကြီးနဲ့ တိုင်းမှူးဆိုတာ အဆင့်တူပဲမဟုတ်လား။ ဒါပေမယ့် သတင်းစာမှာတော့ တိုင်းမှူးက ၀န်ကြီးအထက်ကပဲ မဟုတ်လား။ 
            အခုဆိုရင် တိုင်းမှူးတွေထဲမှာ ဗိုလ်မှူးချုပ် လှဌေးဝင်း (ရကတတိုင်းမှူး)၊ ဗိုလ်မှူးချုပ် ဝေလွင် (နေပြည်တော်တိုင်းမှူး)၊ ဗိုလ်မှူးချုပ် သောင်းအေး (ရပခတိုင်းမှူး)၊ ဗိုလ်မှူးချုပ် မောင်ရှိန် (နပခတိုင်းမှူး)၊ ဗိုလ်မှူးချုပ် အောင်သန်းထွဋ် (ရမခတိုင်းမှူး)၊ ဗိုလ်မှူးချုပ် သက်နိုင် ဝင်း (ရတခတိုင်းမှူး)၊ ဗိုလ်မှူးချုပ် ခင်ဇော်ဦး (ကရခတိုင်းမှူး) တို့ဟာ မကြာခင်ကမှ တိုင်းမှူး ဖြစ်လာသူတွေပဲဖြစ်တယ်။ 
            သူတို့ကသာ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် တုံးတိုက်တိုက်ကျားကိုက်ကိုက်၊ မိုက်မိုက်ကန်းကန်းလုပ်မှာပဲ မဟုတ်လား။
            ဒါကြောင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေးမကောင်းလို့ အနားယူမယ်ဆိုရင် အလားအလာရှိတဲ့ ၀န်ကြီးချုပ်ဟာ ကာကွယ်ရေးဝန်ကြီးဌာန ခေါင်းစဉ်အောက်ကပဲ ဖြစ်နိုင်ဖို့ အလားအလာအများဆုံးရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ 
            ဘယ်သူများဖြစ်လာမလဲလို့ သုံးသပ်တာ၊ တွက်ချက်တာ၊ ခန့်မှန်းတာလဲ လုပ်ကြရမှာ ပါပဲ။ သေချာတာကတော့ စစ်အုပ်စုထဲက ဘယ်သူတွေ ဘာပဲဖြစ်လာလာ ပြည်သူတွေအတွက် ဘာမှအကျိုးမရှိခဲ့တာကလည်း လက်တွေ့ပဲမဟုတ်လား။ စစ်အုပ်စု မင်းပြောင်းမင်းလွှဲကနေ ပြည်သူလူထုအတွက် ကြီးမားတဲ့မျှော်လင့်ချက် ဖြစ်မလာနိုင်ပါဘူး (ဦးနေ၀င်း သေခဲ့ပြီ၊ ဗိုလ်ခင်ညွန့် ပြုတ်သွားခဲ့ပြီ)။           
            စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်နိုင်မှသာ တော်လှန်ပြောင်းလဲပစ်နိုင်မှ သာ ပြည်သူတွေအတွက် ဒီမိုကရေစီခေတ်သစ် ထွန်းသစ်လာမှာဖြစ်ပါတယ်။ ဒီလို ခေတ်သစ် ထွန်းသစ်လာဖို့ ဆိုတာကလည်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီး ထကြွမလာဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
x x x x x 
Archive
CRPP Members
Read FDB Bulletins
Depayin Massacre
TOP
Copyright © 2005  Yoma3.org
webmaster@yoma3.org