|
ဘယ်မှာလဲ တွေ့ဆုံဆွေးနွေးရေး
တူမောင်ညို
(၂၀၀၇ ခုနှစ်၊
နိုဝင်ဘာလ ၂၀ ရက်)
(နအဖ)စစ်အစိုးရသည် “နိုဝင်ဘာလ ၈ ရက်နေ့တွင် မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်
ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ရင်ဆိုင်ရာတွင်
တရားဝင်ဖွဲ့စည်းထား သော နိုင်ငံရေးပါတီအချို့၊ အပစ်အခတ်ရပ်စဲထားသည့်
တိုင်းရင်းသားလက်နက်ကိုင်အင်အားစု များနှင့်ပင် မလုံလောက်တော့ချေ။
ယခုအခါ
ညောင်နှစ်ပင်ညီလာခံကိုယ်စားလှယ်များ(တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်
များ)ကိုပင် ဆွဲထုတ်သုံးလာရသည့် အခြေအနေသို့ ရောက်လာပါသည်။
ထိုတိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့မှာ (နအဖ)စစ်အစိုးရ
စိတ်ကြိုက်ခေါင်းခေါက် ရွေးထားသော ‘ကိုယ်စားလှယ်များ’သာ ဖြစ်ပါသည်။
အရေအတွက်အားဖြင့် (၆၄၁) ဦး ရှိပါသည်။ ညောင်နှစ်ညီလာခံသို့
တက်ရောက်သည့် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်ပါ သည်။
ထိုသူများက (နအဖ)စစ်အစိုးရအလိုကျ သဘောထားထုတ်ပြန်နေခြင်းမှာ
ဘာမျှမဆန်းပါ။
(နအဖ)စစ်အစိုးရက ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်
ရွေးချယ်ခန့်အပ်တာဝန်ပေးထားသူများ၊ (နအဖ)စစ်အစိုးရနှင့်
အကြောင်းအမျိုးအမျိုးနှင့် မလွတ်မကင်းရှိသူများသည် (နအဖ)စစ်အစိုးရ
အလိုကျ ပြော၊ ဆို၊ ရေးသား၊ ထုတ်ပြန်ကြရမည်သာဖြစ်သည်။
နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များတွင် ရေးသားနေကြသည့်
‘ဆောင်းပါးရှင်’ ဆိုသူများကဲ့သို့ပင် ဖြစ်ပါသည်။
(နအဖ)စစ်အစိုးရက ရေးစေဟု အခွင့်သနားလိုက်သည်နှင့် ရေးကြရတော့သည်။
စာရေး၍ အမျိုးသားရေးတာဝန်ထမ်းသည်ဟု လေလုံးထွားခဲ့ဖူးသော သမိုင်းနောက်ခံ
ဆောင်းပါးများရေးသည့် စာရေးဆရာမ ဝဝကြီးကို မှတ်မိကြဦးမည်ထင်သည်။
ထိုသူများ
မလွန်ဆန်ဝံ့ပါ။ လွန်ဆန်၍လည်း မရနိုင်ပါ။
ထိုသူများသည် စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုနေကြသူများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ နိုင်ငံရေးလုပ်ခွင့်၊ ကိုယ်ပိုင်သဘောထား
လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်မရှိသည်မှာ သိပ်ထင်ရှားပါသည်။
(နအဖ)စစ်အစိုးရအလိုကျ နိုင်ငံရေးနှင့် (နအဖ) စစ်အစိုးရ ပြောစေလိုသည့်၊
ထုတ်ဖေါ်လိုသည့် သဘောထားကိုသာ ထုတ်ပြန်ကြေညာခွင့် ရှိပါ သည်။
(နအဖ)စစ်အစိုးရ၏ သဘောထားနှင့် ဆန့်ကျင်ကွဲလွဲစွာ သဘောထားဆန္ဒ ထုတ်ဖေါ်
ပြသပြီဆိုလျှင်၊ လှုပ်ရှားဆောင်ရွက်ပြီဆိုလျှင် ‘တည်ငြိမ်မှုနှင့်
အေးချမ်းသာယာမှုကို နှောင့်ယှက် ဖျက်ဆီးသူ ပြည်ပအားကိုး
အမျိုးသားသစ္စာဖောက်အဖြစ်’ စွပ်စွဲပုတ်ခတ်တော့သည်။ အကြမ်း ဖက်
ဖိနှိပ်ချုပ်ချယ်တော့သည်။ ဖမ်းဆီးအရေးယူတော့သည်။ ထို့နောက်
နိုင်ငံရေးအကျဉ်းသား မရှိဟု မျက်နှာပြောင်တိုက်ကာ ‘ဘူး’ကွယ်တော့သည်။
ထို့နောက်
ထုတ်ဖေါ်ကြေညာထားပြီးဖြစ်သည့် မူလသဘောထားအမှန်ကို အတင်း အဓမ္မ
ရုတ်သိမ်းခိုင်းပြီး (နအဖ)စစ်အစိုးရအလိုကျ သဘောထားကို
ပြန်လည်ထုတ်ပြန်ပေးကြရ သည်။
ယင်းအတွေ့အကြုံကို အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းအချို့
ကြုံတွေ့ခဲ့ရဖူးသည်။ အချို့က မိမိတို့၏ မူလသဘောထားအပေါ်တွင် ကြံခိုင်စွာ
ရပ်တည်ကြသည်။ အချို့က မချစ် သော်လည်း အောင့်ကာနမ်းကြရသည်။ အချို့ကား
တက်ကြွစွာ အလုပ်အကျွေးပြုကြသည်။
သို့ဖြင့်
လူမျိးရေးအရ၊ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်၊
ရပ်တည်လှုပ်ရှားဆောင်ရွက်ခွင့် ဆုံးရှုံးရတော့သည်။
နိုဝင်ဘာလ
၂၀ ရက်နေ့ထုတ် သတင်းစာများတွင် စတင်ထည့်သွင်းဖေါ်ပြလာသည့်
ညောင်နှစ်ပင်ညီလာခံ၊ တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ ၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထုတ်ပြန်ကြေညာချက်တွင် (နအဖ)စစ်အစိုးရ၏ (၄၊
၁၀၊ ၀၇) ရက်စွဲပါ ကြေညာချက် အမှတ် (၁/၂၀၀၇) တွင် ပါရှိသည့် “သူမနှင့်
တွေ့ဆုံမည်”ဆိုသည့် အချက်နှင့်ပတ်သက်၍ ဤသို့
အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ထိုသို့
တွေ့ဆုံဆွေးနွေးခြင်းသည် အမျိုးသားညီလာခံက ချမှတ်ထားသော အခြေခံ မူများ၊
အသေးစိတ်အခြေခံရမည့် မူများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ
ရေးဆွဲပြီးနောက် စတုတ္ထအဆင့်ဖြစ်သည့် ဖြစ်ပေါ်လာသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ
ကျင်းပအတည်ပြုခြင်း၊ ပဉ္စမအဆင့်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ
လွှတ် တော်များ ဖွဲ့စည်းရေးအတွက် တရားမျှတသော
ရွေးကောက်ပွဲများကျင်းပခြင်း၊ ဆဌမအဆင့်ဖြစ် သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များဖြင့်
လွှတ်တော်အစည်း အဝေးများ ကျင်းပခြင်း၊ သတ္တမအဆင့်ဖြစ်သည့် လွှတ်တော်မှ
ရွေးကောက်တင်မြှောက်သော
နိုင်ငံတော်အကြီးအကဲများနှင့် လွှတ်တော်မှဖွဲ့စည်းပေးသော
အစိုးရအဖွဲ့နှင့် အာဏာပိုင်အဖွဲ့ အစည်းများဖြင့်
ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ခြင်း
စသည့်အဆင့်များတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပူပေါင်းပါဝင်
ဆောင်ရွက် ရန်သာဖြစ်သည် ဟု ယူဆပါသည်”
ဤအတိုင်းဆိုလျှင် တွေဆုံဆွေးနွေးရေးဆိုသည်မှာ (နအဖ)စစ်အစိုးရ
လမ်းပြမြေပုံ၏ ကျန်ရှိနေသည့်အဆင့်တိုင်းတွင်
ထောက်ခံပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်တော့မည်။
“နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်ဟာ
နိုင်ငံတော်သစ်ကြီးအဖြစ် ညင်သာစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက်
တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်”
လို့
ကြံ့ဖွံ့သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၇) တွင် (နအဖ)ဥက္ကဌက ပြောပါသည်။
ဒီလိုဆိုရင် စစ်မှန်သော၊ ဂုဏ်သိက္ခာရှိသော၊ နိုင်ငံရေးအရ
တန်းတူရည်တူရှိသော တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုမျှော်လင့်နိုင်မလဲ။
‘မူဝါဒလမ်းစဉ် (၇) ရပ်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်’ လို့
ပြောနေတာဟာ တစ်ဖက်သတ် ထိပ်တိုက်ရင်ဆိုင်ဖို့ စိန်ခေါ်ခြင်းသာဖြစ်သည်။
x x x x x |