သတင်း | |

တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ

ဆန္ဒပြစဉ်က အာဏာပိုင်များအနေဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများသာ ရိုက်ကူးခဲ့ပြီး တစုံတရာ နှောင့်ယှက်ခဲ့ခြင်း မရှိသော်လည်း ဆန္ဒပြပြီး နောက်တနေ့ဖြစ်သော အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ပြည်မြို့ အမှတ် (၂) ရဲစခန်းမှူး ဦးလှထွန်းက ရှေ့နေဦးမြင့်အေးအား နေအိမ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးမြင့်အေးနှင့်အတူ ဆန္ဒပြစဉ်က ဓာတ်ပုံရိုက်ရန် ဗီနိုင်းပိုစတာကို ကူကိုင်ပေးခဲ့သူ ကိုရေခဲနှင့် ဆန္ဒပြရာ ရုံးများရှေ့သို့ ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သူ ကိုဘရှီးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“အမိန့်မရဘဲ ဆန္ဒပြလို့ဆိုပြီး မနေ့က နေ့လည် ၂ နာရီမှာ လာဖမ်းသွားပါတယ်။ ည ၉ နာရီလောက်မှာ သုံးယောက်စလုံးကို အာမခံနဲ့ ပြန်လွှတ်လိုက်တယ်” ဟု မြို့ခံလူငယ်တစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါ ဖမ်းဆီးခံရသူ သုံးဦအား ပုဒ်မ (၁၈) – ‘ကြိုတင်အကြောင်းကြား ခွင့်တောင်းခြင်းမရှိဘဲ ဆန္ဒပြမှု’ ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးခေါ်ဆောင်သွားစဉ်ကာလအတွင်း စခန်းမှူးက တရားခံဟု သုံးနှုန်းကာ ရင့်ရင့်သီးသီး ဆက်ဆံခြင်းကိုလည်း ခံခဲ့ရကြောင်း ဦးမြင့်အေးနှင့် နီးစပ်သူတဦးက ပြောသည်။

“ဆန္ဒပြတုန်းက အသုံးပြုခဲ့တဲ့ ဗီနိုင်းပိုစတာတွေကို သက်သေအဖြစ် သိမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာလည်း စခန်းမှူးက သူတို့သုံးဦးကို တရားခံတွေလို့ သုံးနှုန်းပြီး ရင့်ရင့်သီးသီး ဆက်ဆံခံရတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ်ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် အောက်တိုဘာလ ၁၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် သူနှင့်အတူ အကူအညီပေးခဲ့သူ နှစ်ဦးအား ယခုကဲ့သို့ ဖမ်းဆီးပြီး တရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

4,950 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

9,492 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း