တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော် ဆန္ဒပြ
ယမန်နေ့က ပဲခူးတိုင်း၊ ပြည်မြို့တွင် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် အစိုးရရုံး ၂ ရုံးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးများ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရှေ့နေ ဦးမြင့်အေးသည် “ရုံးခွန်တော်တံဆိပ် ခေါင်းများ တန်ဖိုးမြှင့်တာကို မကျေနပ်ပါ။ High Court နှင့် ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးကို အလွဲသုံးစားလုပ်တာ မကျေနပ်ပါ” စသည့် စာသားများပါဝင်သော ဗီနိုင်းပိုစတာကို ကိုင်ဆောင်၍ ပြည်ခရိုင်တရားရုံးရှေ့၊ အခွန်ရုံးရှေ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“ရုံး ၃ ရုံးရှေ့မှာ တယောက်တည်း ဆန္ဒပြတာပါ။ HRDP တံဆိပ်ပါတဲ့ အင်္ကျီကိုဝတ်ပြီး နေ့လည် (၀၂း၄၄) က စပြတာ ညနေ (၀၄း၀၀) ခန့်မှာ ပြီးသွားတယ်” ဟု ဆန္ဒပြပွဲကို ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတဦးက ပြောသည်။
ဆန္ဒပြပွဲကို အာဏာပိုင်များအနေဖြင့် လာရောက်စောင့်ကြည့်မှုသာရှိပြီး တစုံတရာ မနှောင့်ယှက်ခဲ့ကြောင်း သူက ဆက်ပြောသည်။
“ဒီနေ့ထိတော့ အာဏာပိုင်တွေဘက်က တစုံတရာ ခေါ်ယူပြောဆိုတာမျိုးတော့ မရှိသေးဘူး” ဟု စောင့်ကြည့်နေသူတဦးက ယနေ့ ပြောဆိုသည်။
ပြီးခဲ့သည့် ၁၇၊ ၁၀၊ ၁၂ ရက်နေ့ကလည်း ရန်ကုန်ရှိ ရှေ့နေများကွန်ယက်အဖွဲ့ဝင် ၂၀၀ ခန့်က လမ်းလျှောက်ဆန္ဒပြကြသေးသည်။
3,750 views
Print This Post
