Features,သတင်း | |

အသက်မပြည့်သေးသည့် တပ်သားသစ်အား မိဘထံ ပြန်လည်ပေးအပ်

အသက် (၁၆) နှစ်သာ ရှိသေးသည့် တပ်သားသစ်ဖြစ်သူ မောင်ထက်မြတ်လင်းအား အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ကြပ်ကြီး တင်စိုးက (၃၊ ၈၊ ၁၂) ရက်နေ့တွင် မိဘများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ထက်မြတ်လင်းနှင့် တပ်ကြပ်ကြီး တင်စိုး

မောင်ထက်မြတ်လင်းနှင့် တပ်ကြပ်ကြီး တင်စိုး

အဆိုပါ အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ကိုယ်ပိုင်အမှတ် (၉၅၁၉၇၉) တပ်ကြပ်ကြီး တင်စိုးဆိုသူက မောင်ထက်မြတ်လင်းအား (၂၃၊ ၇၊ ၁၂) ရက်နေ့တွင် တပ်သားသစ်အဖြစ် စုဆောင်းပြီးမှ လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တဖွဲ့၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာအုပ်စု၊ ၂၆ ရပ်ကွက်၊ ရွှေအင်ကြင်းလမ်း၌ နေထိုင်သူ မောင်ထက်မြတ်လင်းသည် (၂၃၊ ၇၊ ၁၂) ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်ရီရီမြင့်က လိုက်လံစုံစမ်းရာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရကြောင်း သိရသည်ဟု ဆိုသည်။

ထို့ကြောင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်သို့ သူ၏သား တပ်မှ ထွက်ခွင့်ရရန် ဒေါ်ရီရီမြင့်က အကူအညီတောင်းခံခဲ့ရာမှ ယခုကဲ့သို့ သက်ဆိုင်ရာ အမှတ် (၉၀၄) အမြောက်စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူက အသက်မပြည့်သေးသည့် ကလေးစစ်သား မောင်ထက်မြတ်လင်းကို မိဘဖြစ်သူထံလာရောက်ပြီး ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

တပ်သားသစ် မောင်ထက်မြတ်လင်းအား သက်သေနှစ်ဦးရှေ့မှောက်တွေ မိဘထံ ပြန်လည်အပ်နှံသည့် မှတ်တမ်းလွှာတွင် ကာယကံရှင် မောင်ထက်မြတ်လင်းသည် မိမိသဘောဆန္ဒဖြင့် စစ်တပ်ထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ခြိမ်းခြောက်ခြင်း မရှိခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။

5,319 views Print This Post Print This Post

Leave a Reply

Your email address will not be published. Required fields are marked *

*

9,501 Spam Comments Blocked so far by Spam Free Wordpress

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

နောက်ဆုံးအကြောင်းအရာများ

သတင်းမှတ်တမ်း