သံသယ

ပြန်ငုံ့ကြည့်လိုက် ဖြတ်လျှောက်ခဲ့တဲ့ လမ်းတွေကြမ်းတယ်မဆိုနိုင်ဘူး သွားနေတဲ့ခြေထောက်တွေကသာ နောက်ပြန်လှည့်လို့ မရတာပါ..

ပြန်ငုံ့ကြည့်လိုက် ဖြတ်လျှောက်ခဲ့တဲ့ လမ်းတွေကြမ်းတယ်မဆိုနိုင်ဘူး သွားနေတဲ့ခြေထောက်တွေကသာ နောက်ပြန်လှည့်လို့ မရတာပါ..
ကျွန်တော်စီးတဲ့ ဖိနပ်စုတ်စုတ် အဲဒီဖိနပ်နဲ့ပဲ အရက်ဆိုင်ကိုရောက်ခဲ့တယ် စာကြည့်တိုက်ကိုရောက်ခဲ့တယ် အနက်ရောင်တေးသွားတွေကို နားထောင်ခဲ့ဖူးတယ် အရောင်မရှိတဲ့ လောကကြီးမှာအပြစ်မရှိ…

သူရဲ့ပိုင်ဆိုင်မှုတွေက လူတွေရဲ့ရမက်မီးတွေ အတ္တတွေ
သူပြန်ပေးတာက နူးညံ့တဲ့ အကြင်နာလက်တစ်စုံရယ်ပါ။
ဒီလိုနဲ့ပဲ ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီးကို
နှုတ်မဆက်ဘဲ ထွက်သွားတဲ့လူတွေရှိသလို လက်ပြပြီး ထွက်သွားတဲ့သူတွေရှိပါတယ်
အဘအိမ်သား၊ ကွယ်လွန်သွားလဲ
ဝမ်းခါးမပူရပေဖူး။
အဘရဲ့သား၊ ရန်ကုန်သွားလဲ
တအားမငယ်ရပေဖူး

သူ့ကို
ရွာငယ်ငယ်လေးမှာမွေး
လယ်သမားရဲ့ ကလေးပါပဲ။
ဘုန်းကြီးကျောင်းမှာ စာသင်
တက္ကသိုလ်ကြီးတွေလဲ မဝင်ဘူးပါဘူး
ကံကိုယုံပြီး ဆူးပုံ မနင်းဘူး။ လမ်းပြမြေပုံ ရဲရဲယုံပြီး လွှတ်တော်ထဲကို ခုန်ဆင်းမယ်။ မမခင် (19.11.2011) နံက် 1.50 am
ဒေါ်အောင်ဆန်းစုကြည်ဟာ
အကြောင်းရှိရင်
လူငယ်နဲ့လက်တွဲပြ
သူ့ရဲ့အရည်အချင်းဟာ
အကြမ်းမဖက်သံမဏိစိတ်ဓာတ်

လူ့အသက်တချောင်း တခါပဲ သေဆုံး ဇီဝိန်ချုပ်ငြိမ်းသွားတာ အပြန်နဲ့ အသွား လမ်းခွဲမထားဘူးဆို အတူတူပဲ မဟုတ်လား။
ညက တဖြည်းဖြည်း နက်သထက် နက်နက်လာပေါ့
အိပ်စက်ခြင်းတို့က အညှာအတာမဲ့စွာ
သားကို ရက်ရက်စက်စက် ပြစ်ခွါသွားကြတယ်။
မဆီမဆိုင် အတွေးများ ကစင့်ကလျား
ကျူးကျော်စစ်သုံးခုနဲ့ သားတို့တိုင်းပြည် နယ်ချဲ့လက် ကျခဲ့ရတယ်။

အိပ်ယာထစေါတဲ့ ဥသြငှက်ဟာ နေရောင်တံစက်မြိတ်မှာ ပိတ်ထားတဲ့ လောကတံခါးကို သီချင်းနဲ့ တွန်းဖွင့်လိုက်တယ်။ ငါ ပုန်းအောင်းအိပ်စက်ခဲ့ရာ ကျောက်တောင်ရဲ့ထိပ်