
စိုက်ဘဏ်မှ လယ်သမားများအား ထုတ်ချေးနေသော ငွေများနှင့် ပတ်သက်၍ အမှန်ရှိသော ဧကများထက် စာရင်းပိုပြသော လယ်ဧကများအတွက် ထုတ်ချေးရရှိသည့် ငွေများကို ကိုယ်ကျိုးသုံးစွဲနေသူ ငြိုပ်ကောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား စီစစ်အရေးယူပေးနိုင်ပါရန် တင်ပြတိုင်ကြားခြင်း။
စာရေးသူ - ရိုးမ ၃ | 13-Mar-2013 | အပြည့်အစုံသို့ »

ဒီရွှေသင်္ကန်း ရောင်းချတဲ့အလုပ်ကို တဦးတည်းပိုင်ကသာ ရောင်းချရမယ်ဆိုတဲ့ ဒေသန္တရအမိန့်ထုတ်လိုက်တယ်၊ ဘုရားဂေါပကတွေနဲ့ ပူးပေါင်းလုပ်လိုက်တယ်လို့ ယူဆတယ်၊ နှစ်ရှည်လများကတည်းက ဒီရွှေသင်္ကန်းရောင်းတာလေးနဲ့ အသက်မွေး ဝမ်းကြောင်းပြုနေကြရတဲ့ ကျနော်တို့ဒီသေခံ အများအပြားဒုက္ခရောက်ရတယ်
စာရေးသူ - ရိုးမ ၃ | 11-Mar-2013 | အပြည့်အစုံသို့ »

ပြန်ငုံ့ကြည့်လိုက် ဖြတ်လျှောက်ခဲ့တဲ့ လမ်းတွေကြမ်းတယ်မဆိုနိုင်ဘူး သွားနေတဲ့ခြေထောက်တွေကသာ နောက်ပြန်လှည့်လို့ မရတာပါ..
စာရေးသူ - ရိုးမ ၃ | 09-Mar-2013 | အပြည့်အစုံသို့ »

သူရဲ့ပိုင်ဆိုင်မှုတွေက လူတွေရဲ့ရမက်မီးတွေ အတ္တတွေ
သူပြန်ပေးတာက နူးညံ့တဲ့ အကြင်နာလက်တစ်စုံရယ်ပါ။
ဒီလိုနဲ့ပဲ ကျွန်တော်ချစ်တဲ့ ချင်းတောင်တန်းကြီးကို
နှုတ်မဆက်ဘဲ ထွက်သွားတဲ့လူတွေရှိသလို လက်ပြပြီး ထွက်သွားတဲ့သူတွေရှိပါတယ်
စာရေးသူ - ရိုးမ ၃ | 15-Feb-2013 | အပြည့်အစုံသို့ »

ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာတွင် နေထိုင်သူ အမျိုးသမီး ၅ ဦးအား ကရင်ပြည်နယ်၊ မြဝတီမြို့နေ လင်မယားက ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ အလုပ်ရှာပေးမည်ဟု ပြောဆို၍ ငွေများ လိမ်လည်ခဲ့ကြောင်းသိရသည်။ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ကြခတ်တောင်ဘုန်းကြီးကျောင်းနောက်တွင် နေထိုင်သူ ကိုချမ်းမြေ့၊ မမေသန်းနွယ် လင်းမယားက သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာမှ မလွင်လွင်ထူး၊ မသူဇာဝင်း၊ မနီလာဝင်း၊ မမြင့်မြင့်စိန်နှင့် မအေးအေးသင်းတို့အား တဖက်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုကာ တဦးကို ကျပ်ငွေ ၁၅၀၀၀၀ (တစ်သိန်းခွဲ) စီ တောင်းခံပြီး မပို့ဘဲ လိမ်လည်ခဲ့ခြင်းဖြစ်သည်။
စာရေးသူ - ရိုးမ ၃ | 12-Jan-2013 | အပြည့်အစုံသို့ »

သိသိချင်းပင် ဒေါ်မြမြက နိုင်ငံတော်သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ အဆိုပါ မြေကွက်အား ပြန်လည်ရရှိလိုကြောင်း အသနားခံစာ တင်သွင်းသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုလုပ်ငန်း၏ ပြန်ကြားစာအရ
စာရေးသူ - ရိုးမ ၃ | 07-Jan-2013 | အပြည့်အစုံသို့ »

သူ့ကို
ရွာငယ်ငယ်လေးမှာမွေး
လယ်သမားရဲ့ ကလေးပါပဲ။
ဘုန်းကြီးကျောင်းမှာ စာသင်
တက္ကသိုလ်ကြီးတွေလဲ မဝင်ဘူးပါဘူး
စာရေးသူ - သွင်လင်းအောင် | 11-Oct-2012 | အပြည့်အစုံသို့ »